တရုတ်မှာ ဂိမ်းတွေ ပိတ်ပင်လို့ ဝင်ငွေ နည်းသွားတဲ့ Apple

ပြီးခဲ့တဲ့ နှစ်က တရုတ်မှာ ဗီဒီယို ဂိမ်း အသစ်များကို ယာယီ ပိတ်ပင်မှုကြောင့် ဝင်ငွေ ကျဆင်းသွားတယ်လို့ Apple က ပြောပါတယ်။ iOS Mobile Game များကို ပိတ်ပင်မှုဟာ ၂၀၁၈ ခုနှစ် အားလပ်ရက် ရာသီ ကွာတားမှာ တရုတ်တွင် ဒေါ်လာ ၄.၈ ဘီလီယမ်ဖိုး ဝင်ငွေ ကျဆင်းသွားခြင်းရဲ့ အကြောင်းအရင်း တစ်ခု ဖြစ်တယ်လို့ Apple က ပြောပါတယ်။

ကုမ္ပဏီရဲ့ ငွေကြေးဌာန အရာရှိ ဖြစ်သူ Luca Maestri က “ တရုတ်မှ App Store ဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းပါ။ ဂိမ်း အသစ်များကို ခွင့်ပြုခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာဟာ သဘာ၀ အားဖြင့် ယာယီပါပဲ။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးကို များစွာ ထိခိုက်စေပါတယ်။ “ လို့ ပြောပါတယ်။

တရုတ်က ဗီဒီယို ဂိမ်းများ ပိတ်ပင်ထားမှုကို ဖြေလျော့နေတယ်လို့ ထင်ရပါတယ်။ ဂိမ်း အသစ်အချို့ကို ခွင့်ပြုပေးနေပါတယ်။ ဒါပေမယ့် ဘယ်လို စံသတ်မှတ်ချက်များနဲ့ ခွင့်ပြုပေးသလဲဆိုတာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ မတ်လက တရုတ်ဟာ ဗီဒီယို ဂိမ်း အသစ်များကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီအတွက် ဂိမ်း အသစ်များကို ဖြန့်ချီလို့ မရခဲ့ပါဘူး။ သြဂုတ်လမှာ သမ္မတ ဇီဂျင်းပင်က ဂိမ်းကစားခြင်းဟာ မျက်လုံးကို ထိခိုက်စေတဲ့ အကြောင်း ဟောပြောပြီးနောက်မှာ ဘေဂျင်း အာဏာပိုင်များက ဂိမ်းများကို တင်းကြပ်စွာ ပိတ်ပင်ခဲ့ပါတယ်။ ဒီဇင်ဘာလကျမှသာ ဗီဒီယို ဂိမ်း အသစ်ပေါင်း ၈၀ ကို ခွင့်ပြုခဲ့ပါတယ်။

တရုတ်မှာ ဂိမ်းများ ပိတ်ပင်မှုကြောင့် ပြည်တွင်း ကုမ္ပဏီများလည်း အထိနာခဲ့ပါတယ်။ တရုတ်ရဲ့ နာမည်ကျော် တန်းစန့်ဟာ ဒေါ်လာ ၁.၅ ဘီလီယမ် ဆုံးရှုံးခဲ့ပါတယ်။

Ref : theverge

%d bloggers like this: