Samsung Galaxy Note 10 အတွက် Android 10 Beta ရပြီ

Samsung က Galaxy S10 Series တွေအတွက် Stable Android 10 ကို စတင် ဖြန့်ချိပေးနေပါပြီ။ ဒါပေမယ့် Note 10 နဲ့ Note 10+ အတွက် Beta Version ကိုပဲ စမ်းသပ်နေပါတယ်။ အခုတော့ Note 10 Series အတွက် Beta Version အသစ် ၁ ခုကို ဖြန့်ချိလိုက်ပြီး ဒီဇင်ဘာလ အတွက် Security Patch ပါလာပါတယ်။ ဒါ့အပြင် Bug များစွာကို ပြင်ဆင်ထားပါတယ်။

Version Number က N97*FXXU1ZSKN ဖြစ်ပြီး Always-on Display မှာ World Clock နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပြင်ဆင်ထားပါတယ်။ Bluetooth Headset နဲ့ ချိတ်ဆက်မှု ပြတ်တောက်သွားတာနဲ့ My Files App မှာ Error Display SD Card Files တွေကို ပြုပြင်ထားပါတယ်။ Changelog အပြည့်အစုံကို အောက်က ပုံမှာ လေ့လာပါ။

အိန္ဒိယမှာ အဲဒီ Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Settings> Software Update ထဲမှာ ရယူနိုင်ပါတယ်။ မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရတော့မယ်လို့ထင်ပါတယ်။ Note 10 Series တွေအတွက် Stable Android 10 Update ကို လာမယ့်နှစ် ဇန်နဝါရီလောက်မှ ရမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: