Redmi K30 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Redmi K30 ရဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီက မကြာခဏ မျှဝေနေသလို ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေ ရှိပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံ ၁ ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံက အရမ်းသေးပေမယ့် အနောက်ကင်မရာ ၄ လုံးကို အလယ်မှာ ဒေါင်လိုက်တပ်ဆင်ထားတာ မြင်ရပါတယ်။ အရှေ့ ကင်မရာ ၂ လုံးကို Punch-hole မှာ ထည့်သွင်းထားပါတယ်။

Redmi က K30 Series တွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တရုတ်မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ ကုမ္ပဏီက 5G Standalone နဲ့ Non-standalone (SA/NSA) ပါမယ်ဆိုတာလည်း အတည်ပြုထားပါတယ်။ ပေါက်ကြားထွက်နေတဲ့ သတင်းတွေအရ K30 မှာ MIUI 11 မောင်းနှင်ထားပြီး Android 10 ဖြစ်နိုင်ပါတယ်။ 30W Charger ပါလာမှာ ဖြစ်တဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။ 4800mAh Battery ပါပြီး Wireless Charging ပါလာမှာဖြစ်ပြီး 5G ပါပါတယ်။

120Hz Display ပါမယ်လို့ သတင်းထွက်နေပြီး အဲဒီအတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Snapdragon 7xx Series Chipset မောင်းနှင်ထားမှာပါ။ Redmi K30 မှာ Resolution အမြင့်ဆုံး Image Sensor ပါမယ်လို့ Redmi ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing က မနေ့ကပဲ အတည်ပြုလိုက်တာပါ။ အဲဒီ Sensor ဟာ Sony IMX686 60MP ဖြစ်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: