Samsung A11, A31 နဲ့ A41 တို့မှာ 64GB Storage ပါမည်

Samsung ရဲ့ Galaxy A Series တွေဟာ ပြီးခဲ့တဲ့ နှစ်က အရမ်းပေါက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ၂၀၂၀ ခုနှစ်မှာ A11 , A31 နဲ့ A41 တို့လို A Series အသစ်တွေကို ချပြတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ မော်ဒယ်နံပါတ်တွေက SM-A115X, SM-A315X နဲ့ SM-A415X တို့ ဖြစ်ပြီး 64GB Base Storage ပါလာမှာ ဖြစ်ပါတယ်။

A10 , A30 တို့မှာ 32GB Storage ပဲပါလာတာ ဖြစ်တဲ့အတွက် 64GB Storage ပါလာမယ်ဆိုရင် အရမ်း ဂွတ်သွားပါပြီ။ A51 နဲ့ A71 တို့မှာ Infinity-O AMOLED Display အသစ်တွေ ပါလာတာက အရမ်း ကောင်းပါတယ်။ အနောက်ဘက် ကင်မရာတွေကို လေးထောင့် ပုံသဏ္ဍာန် ဖန်တီးပေးထားတာကလည်း တော်တော်လှပါတယ်။ အဲဒီ ဒီဇိုင်း အသစ်တွေပါတဲ့ တန်ဖိုးနည်း Galaxy A Series အသစ်တွေ ဘယ်တော့ ထွက်လာမလဲဆိုတာ မသိရသေးပါဘူး။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ လာမယ့်လမှာ Galaxy A Series အသစ်တွေကို ကြေညာမယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: