အိန္ဒိယမှာ ရောင်းတော့မယ့် Meizu Note 9

Meizu က Note 10 ကိုတောင် ဖန်တီးနေပြီလို့ ထင်ပါတယ်။ တရုတ်မှာ လွန်ခဲ့တဲ့ ၇ လလောက်က ရောင်းပေးထားတဲ့ Meizu Note 9 ကို အခုကျမှ အိန္ဒိယမှာ ရောင်းတော့မယ်လို့ သတင်းထွက်လာပါတယ်။ Bureau of Indian Standards (BIS) မှာ အဲဒီ ဖုန်းကို မှတ်ပုံတင်ထားပြီ ဖြစ်တဲ့ အတွက် မကြာခင် ရောင်းပေးနိုင်ပါတယ်။

Meizu Note 9 ဟာ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး ၆.၂ လက်မ FHD+ Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Camera ပါပါတယ်။ အရွယ်သေး Notch ထည့်ထားပါတယ်။ Snapdragon 675 Chipset , 4 or 6 GB RAM , 64 or 128 GB Storage များ ပါပါတယ်။ microSD Card Slot မပါပါဘူး။

သူ့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းက 48MP f/1.7 Main Camera ဖြစ်ပြီး Samsung ရဲ့ GM1 Sensor ဖြစ်ပါတယ်။ သူနဲ့အတူ 5MP Depth Sensor ပါပြီး Portrait Photo များ ရိုက်ကူးနိုင်ပါတယ်။ Notch မှာ 20MP Camera ထည့်ထားပါတယ်။

သူ့မှာ Android Pie အခြေပြု Flyme 7.2 OS မောင်းနှင်ထားပါတယ်။ 4000mAh Battery ပါပြီး 18W Fast Charging ကို ထောက်ပံ့ပါတယ်။ ဂိမ်းကစားရင် ချောမွတ်တဲ့ Hyper Gaming , Game Mode 3.0 များ ပါပါတယ်။ တရုတ်မှာ 4/64GB ကို ယွမ် ၁၃၉၈ ( ၂၁၀ ဒေါ်လာ) ၊ 6/64GB နဲ့ 4/128GB ကို ယွမ် ၁၅၉၈ ( ၂၄၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၃ သိန်းလောက်ပဲ ရှိပါတယ်။

Ref : gsmarena

%d bloggers like this: