နောက်လ ၉ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာနိုင်တဲ့ Vivo V17

Vivo က မကြာခင်က စိန်ပုံသဏ္ဍာန် အနောက်ကင်မရာတွေ ပါတဲ့ V17 ကို ရုရှားမှာ ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို အိန္ဒိယမှာ မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ ကုမ္ပဏီက ထုတ်ကုန် မိတ်ဆက်ပွဲ တစ်ခုကို နောက်လ ၉ ရက်နေ့မှာ ကျင်းပတော့မှာပါ။ ဒါပေမယ့် အိန္ဒိယ မော်ဒယ်ဟာ ရုရှား မော်ဒယ်မှာလို Waterdrop Notch Display မပါဘဲ Punch Hole Display ကို သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ တခြား Specs တွေက ရုရှားမော်ဒယ်နဲ့ တူနိုင်ပါတယ်။

သူ့မှာ ၆.၃၈ လက်မ Super AMOLED Display ထည့်သွင်းထားပါတယ်။ 2340x1080p Resolution ဖြစ်ပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ Snapdragon 665 SoC မောင်းနှင်ထားပြီး 8GB RAM , 128GB Storage ပါပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ Android Pie အခြေပြု Funtouch OS 9.2 ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth Sensor တွေ ပါလာပါတယ်။ 32MP Selfie Camera ထည့်ထားပါတယ်။

18W Fast Charging ပါတဲ့ 4500mAh Battery က လန်းပါတယ်။ USB C Port ပါတာကလည်း အားသွင်းရင် ပိုမြန်စေပါတယ်။ 3.5mm Headphone Jack နဲ့ Contact-less Payment အတွက် NFC Chip ပါပါတယ်။ Cloud Blue နဲ့ Blue Fog အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ရုရှားမှာ ၂၂ ၉၉၀ ရူဘယ်နဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မြန်မာငွေ ၅၄၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina

%d bloggers like this: