အမျိုးသားနဲ့ အမျိုးသမီး မလိုဘဲ လူသား ကလေးငယ်တွေ ထုတ်လုပ်နိုင်တော့မည်

သိပ္ပံပညာရှင်များက ဖို သုတ်ပိုးနဲ့ မ မျိုးဥ မလိုဘဲ ဓါတ်ခွဲခန်းထဲမှာပဲ သန္ဓေသားလောင်းကို ဖန်တီးနိုင်ခဲ့ပါပြီ။ မတူညီတဲ့ ပင်မ ဆဲလ်နှစ်ခုကို ပေါင်းစည်းခြင်းဖြင် သန္ဓေသားလောင်းကို ဖန်တီးတာ ဖြစ်ပါတယ်။ ပင်မ ဆဲလ်များကနေ သန္ဓေသားကို ဖန်တီးခြင်းဟာ လုံး၀ တူတဲ့ အမွှာများကို ဖြစ်ပေါ်စေတဲ့အတွက် ဆေးပညာ သုတေသနလုပ်ငန်းများအတွက် အသုံးဝင်ပါတယ်။ ကလေး မရတဲ့ စုံတွဲများအတွက်လည်း ဒီတွေ့ရှိမှုက အလွန် အကျိုးရှိစေမှာပါ။

King’s College London (KCL) ရဲ့ Stem Cell Science မှ Dr Dusko Ilic က “ ဒီလို နည်းပညာကို ဖန်တီးနိုင်ခြင်းဟာ ဒါပထမဆုံး ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိမှုကနေ လူသားများမှာ မျိုးမပွားနိုင်တဲ့ ကျန်းမာရေး ပြဿနာများကို အဖြေရှာနိုင်ပါတယ်။ လူသားများကို မျိုးပွားရာမှာ ပိုမို ထောက်ကူလာနိုင်မှာပါ။ “ လို့ ပြောပါတယ်။

ပညာရှင်များက သူတို့ရဲ့ နည်းလမ်းကို ကြွက်များမှာ အောင်မြင်စွာ စမ်းသပ်ပြီးပြီလို့ ပြောပါတယ်။ ကြွက်များမှာတော့ အချိန် သုံးနှစ် ယူခဲ့ရပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူများကလည်း ဒီနည်းပညာကြောင့် လူသား ပုံတူပွားမှုများ ဖြစ်လာနိုင်တယ်လို့ ဝေဖန်ထောက်ပြပါတယ်။ လူများမှာ စမ်းသပ်ဖို့အတွက်တော့ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူရဦးမယ်လို့ သိရပါတယ်။

နည်းပညာကို ဖန်တီးခဲ့တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ Maastricht University ရဲ့ ပါမောက္ခ ဖြစ်သူ Nicholas Rivron က “ သန္ဓေသားလောင်းများဟာ အလွန် တန်ဖိုးကြီးပြီး ဆေးဝါး သုတေသန ပြုလုပ်ရာမှာ အလွန် အသုံးဝင်ပါတယ်။ မျိုးဆက်ပွားခြင်းနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာဖြင့် လူသားများ ဖန်တီးရင် သင့်တော်သလား ဆိုတာကတော့ ဝေဖန်ဆွေးနွေးမှုများစွာ ရှိနေဦးမှာ ဖြစ်ပါတယ်။ သက်ရှိထင်ရှား ရှိနေတဲ့ လူသားများရဲ့ ပုံတူများကို ဖန်တီးလာနိုင်ရင် ပြဿနာ ရှိနိုင်ပါတယ်။ လူသား ပုံတူ ပွားခြင်းကို တားမြစ်ထားပါတယ်။ စစ်သားများကို ဒီနည်းပညာဖြင့် ထုတ်လုပ်လာနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : digitaltrends

%d bloggers like this: