စက်ရုပ် ဖုန်စုပ်စက်ပြီးတော့ စက်ရုပ် မြက်ရိတ်စက် လာပြီ

နာမည်ကျော် စက်ရုပ် ဖုန်စုပ်စက် Roomba ကို ဖန်တီးခဲ့တဲ့ iRobot က Terra အမည်ရ သူ့ရဲ့ ပထမဆုံး မြက်ရိတ်စက်ကို ကြေညာလိုက်ပါတယ်။ သူဟာ စက်ရုပ် မြက်ရိတ်စက် ဖြစ်ပြီး အလိုအလျှောက် မြက် ရိတ်ပေးနိုင်ပါတယ်။ အခြား စက်ရုပ် မြက်ရိတ်စက်များကို သုံးရင် မြက်ရိတ်မယ့် ဧရိယာကိုတော့ ကြိုးတားပေးထားဖို့ လိုပါတယ်။ ဒါဆို သူက ကြိုးဝိုင်းအတွင်းမှာပဲ မြက်များကို ရိတ်ပေးမှာ ဖြစ်ပါတယ်။ အခြား မလိုအပ်တဲ့ နေရာများကို သူက သွားမှာ မဟုတ်တော့ပါဘူး။

Terra ကို သုံးရင်တော့ ကြိုးတားစရာ မလိုပါဘူး။ သူက Wireless Beacons များကို အသုံးပြုပြီး မြက်ရိတ်ရမယ့် ဧရိယာကို သိနားလည်ပါတယ်။ အဲဒီအတွက် Setup ပြုလုပ်ရတာ အလွန် အဆင်ပြေပါတယ်။ သူက အလိုအလျှောက် မြက်ရိတ်နိုင်ပေမယ့် သူ့ကို Mobile App ကနေလည်း ထိန်းချုပ်နိုင်ပါတယ်။ App ကနေ သူ့ကို လေ့ကျင့် သင်ကြားပေးနိုင်ပါတယ်။

သူ့ရဲ့ ဘက်ထရီ သက်တမ်းက တစ်နာရီ ဖြစ်ပါတယ်။ သူ့ကို အားအပြည့်သွင်းဖို့ အချိန် နှစ်နာရီလိုအပ်ပါတယ်။ ဘက်ထရီကုန်ခါနီးရင် သူက အားသွင်းစက်ကို သွားပြီး အလိုအလျှောက် အားဖြည့်ပါတယ်။ အားပြန်ပြည့်သွားရင် လုပ်လက်စနေရာက အလုပ်ကို ဆက်လုပ်ပါတယ်။ သူဟာ ရေစိုခံပြီး နေအိမ်ပြင်ပမှာ အလုပ်လုပ်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

သူ့မှာ ဓါးသွား နှစ်ခု ပါပြီး ကျောက်တုံးများကို ရှောင်ကွင်းသွားနိုင်ပါတယ်။ သူ့ရဲ့ အရှေ့မှာ Bumper တပ်ဆင်ထားတဲ့ အတွက် ထိခိုက်ပျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်။ App ကနေ မြက်ပင်ရဲ့ အမြင့်ကို သတ်မှတ်နိုင်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို စောင့်ကြည့်နိုင်ပါတယ်။ သူ့မှာ ဝိုင်ဖိုင် ဆက်သွယ်မှု ပါပါတယ်။

Ref : digitaltrends

%d bloggers like this: