Apple ကနေ Jony Ive တရားဝင် ထွက်သွားပြီ

Apple ရဲ့ ဒီဇိုင်း ဂုရုကြီး Jony Ive ဟာ အခုဆိုရင် ကုမ္ပဏီကနေ တရားဝင် ထွက်ခွာသွားပါပြီ။ သူက နွေရာသီကတည်းက Apple ကို နှုတ်ဆက်တော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုမှသာ Apple ရဲ့ အရာရှိ ဝက်ဘ်စာမျက်နှာမှာ သူ့ရဲ့ ပရိုဖိုင်ကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

Ive ဟာ LoveFrom နာမည်ရ ဒီဇိုင်း ကုမ္ပဏီကို ကာလရှည်ကြာ သူငယ်ချင်း ဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ Marc Newson နဲ့ အတူ တည်ထောင်ထားပါတယ်။ Apple ကလည်း သူတို့ ကုမ္ပဏီရဲ့ ဖောက်သည်အဖြစ် ရှိနေဦးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Ive နဲ့ Apple တို့ဟာ လုပ်ဖော်ကိုင်ဖက် အဖြစ် ဆက်ရှိနေဦးမှာပါ။ Apple က Ive နေရာမှာ ဒီဇိုင်း ဂုရု အသစ်ကို အစားထိုးမလားဆိုတာ မသိရသေးပါဘူး။

Apple က ဒီဇိုင်း ဆန်းသစ်ထားတဲ့ iPhone 12 ကို ဖန်တီးနေချိန်ကျမှ Ive လစ်သွားတာက စိတ်မကောင်းစရာပါ။ iPhone 12 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ 120Hz Screen တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပြီး မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက အရမ်းဖလန်းဖလန်းထနေမှာပါ။

Ref : gsmarena

%d bloggers like this: