Vivo က လာမယ့်လမှာ X30 Series တွေနဲ့အတူ JoviOS ကို ကြေညာမည်

၂၀၁၄ ခုနှစ်ကတည်းက Vivo ဖုန်းတွေမှာ FunTouchOS ကို ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ အခုတော့ ကုမ္ပဏီက JoviOS ကို ပြောင်းသုံးတော့မှာ ဖြစ်ပါတယ်။ FunTouchOS Project Manager ဖြစ်သူ Ge Yanan ဒီသတင်းကို ဝီဘိုကနေ မျှဝေခဲ့တာ ဖြစ်ပြီး နောက်လမှာ ကြေညာမယ့် X30 Series ဟာ JoviOS ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာ JoviOS ရဲ့ သတင်းအချက်အလက် ၁ ခုထဲကိုပဲ သိရပါသေးတယ်။ အဲဒါက သူ့ရဲ့ Logo ပုံကြမ်း ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို မသိရသေးပါဘူး။ User Interface Design ကို အရမ်းပြောင်းလဲဆန်းသစ်ထားမယ်လို့ ထင်ပါတယ်။ Vivo X30 Pro 5G ရဲ့ ဓါတ်ပုံ ၁ ခုလည်း ပေါက်ကြားထွက်ပေါ်လာပြီး ဘယ်ဘက်ထိပ်နားမှာ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

Vivo X30 မှာ ၆.၅ လက်မ AMOLED Display ပါပြီး 90Hz Refresh Rate ထောက်ပံ့မယ်လို့ သတင်းထွက်နေပါတယ်။ 8GB RAM , 256GB Storage နဲ့ 4,500mAh Battery ပါမယ်လို့ သိရပါတယ်။ 22.5W or 30W Fast Charging ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 32MP Camera နဲ့ အနောက်ဘက်မှာ 64MP+13MP+8MP+2MP Camera တွေ ပါလာနိုင်ပါတယ်။

Vivo က X30 Pro ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး ၆.၈၉ လက်မ 90Hz AMOLED Display , 12GB RAM , 4,500mAh Battery တွေပါမယ်လို့ သတင်းထွက်နေပါတယ်။ 44W Fast Charging က တကယ်လန်းမှာပါ။ 32MP Selfie Camera က တူပေမယ့် အနောက်ကင်မရာတွေ အပြောင်းအလဲရှိပါတယ်။ အနောက်ဘက်မှာ 60MP, 12MP, 13MP , 13MP Camera တွေ ထည့်သွင်းထားမှာပါ။

Vivo က X30 ရဲ့ အနောက် ကင်မရာတွေကို ရိုက်ပြထားတဲ့ ဓါတ်ပုံ ၁ ပုံကို မကြာခင်က မျှဝေခဲ့ပြီး ပင်မ ကင်မရာ ၃ လုံးရဲ့ ဘေးမှာ Periscope ကင်မရာကို မြင်ရပါတယ်။ အရောင် ၃ မျိုးတွေ့ရပါတယ်။ Vivo က X30 မှာ 60x Super Zoom ပါမယ်လို့ မကြာခင်က သတင်းပေးလိုက်ပါတယ်။ အရမ်းဝေးတဲ့ နေရာက အရာဝတ္ထုတွေကို ရိုက်ကူးပေးနိုင်မှာပါ။ ဒါ့အပြင် Dual-mode 5G ပါလာမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ Samsung က သူထုတ်ထားတဲ့ Exynos 980 SoC နဲ့ 5G ပါတဲ့ Vivo X30 ကို လာမယ့်လမှာ မိတ်ဆက်မယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: