Microsoft က Huawei ကို ဆော့ဖ်ဝဲ ပြန်ရောင်းမည်

အမေရိကန်အစိုးရက Huawei ကို ဆော့ဖ်ဝဲ ပြန်ရောင်းဖို့ Microsoft ကို လိုင်စင် ထုတ်ပေးလိုက်ပါပြီ။ သမ္မတ ဒေါ်နယ်လ်ထရမ့်က Huawei နဲ့ အလုပ်မလုပ်ဖို့ အမေရိကန် ကုမ္ပဏီတွေကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အမေရိကန် အစိုးရက Huawei အပေါ် စီးပွားရေး ပိတ်ဆို့ထားမှု တစ်စိတ်တစ်ပိုင်းကို ဖြေလျှော့ပေးလိုက်ပါတယ်။

ဒီလ ၂၀ ရက်နေ့မှာ အစိုးရရဲ့ ခွင့်ပြုချက် ရခဲ့တယ်လို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ပြောပါတယ်။ Microsoft က သူတို့ တောင်းဆိုတာကို လိုက်လျောပေးတဲ့ အမေရိကန် အစိုးရကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။

Microsoft က Windows နဲ့ Office Licenses တွေကို Huawei အား အရင်က ရောင်းချပေးခဲ့ပါတယ်။ အခုလည်း အနည်းဆုံးတော့ Windows Licenses တွေကို ပြန်လည် ရောင်းချနိုင်မယ်လို့ ထင်ပါတယ်။ Huawei ရဲ့ Server Solutions နဲ့ Windows OS Laptops တွေမှာ Microsoft ရဲ့ ဆော့ဖ်ဝဲတွေကို ပြန်လည်း ထည့်သွင်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် Huawei ဟာ ဒီနှစ်အစောပိုင်းက CES Asia မှာ ပြသခဲ့တဲ့ သူ့ရဲ့ Windows Laptop အသစ်တွေ ရောင်းချဖို့ ရပ်နားခဲ့ရပါတယ်။ Huawei နဲ့ အလုပ်တွဲလုပ်ဖို့ ခွင့်ပြုချက်ရမယ့် တခြား အမေရိကန် ကုမ္ပဏီတွေကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : theverge

%d bloggers like this: