အနောက်ကင်မရာ ၄ လုံးပါလာမယ့် OnePlus 8 Pro

OnePlus 8 Series တွေကို ကုမ္ပဏီက စတင်ဖန်တီးနေပါပြီ။ အခုလည်း OnePlus 8 Pro ရဲ့ ပုံကြမ်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒီဇိုင်းက OnePlus 7 Pro ကို အနည်းငယ် ဆန်းသစ်ထားတဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် ကွဲပြားတာ အနည်းငယ် ရှိပါတယ်။ ပုံကြမ်းမှာ အရှေ့ ကင်မရာ ၁ လုံးပါတဲ့ မော်ဒယ်နဲ့ ၂ လုံးပါတဲ့ မော်ဒယ်ကို မြင်ရပါတယ်။

OnePlus 8 နဲ့ 8 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့လက ထွက်လာပါတယ်။ ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus Phone တွေနဲ့ အရမ်းကို တူပါတယ်။ အဓိက ပြောင်းလဲမှု တစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။ OnePlus 8 မှာ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာတာက ခေတ်မှီလာတဲ့ ဒီဇိုင်းပါ။ ၆.၅ လက်မ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး Pro မဟုတ်တဲ့ မော်ဒယ်မှာ မျက်နှာပြင်ကွေး တပ်ထားတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

OnePlus 8 Pro မှာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ်။ Pro နဲ့ 8 တို့ရဲ့ ဒီဇိုင်းကတော်တော် တူနေပါတယ်။ ဒါပေမယ့် သေချာကြည့်ရင် Pro ရဲ့ အနောက်ဘက်မှာ 3D ToF Sensor အပိုထည့်ထားပါတယ်။ ဒါ့အပြင် Earpiece က ပိုကြီးပါတယ်။ Pro ရဲ့ မျက်နှာပြင်အထက်က ဘောင်က အနည်းငယ်ပိုထူနေပါတယ်။ Pro မှာ ၆.၆၅ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 8 ထက် ဝ.၁၅ လက်မ ပိုကြီးပါတယ်။

မကြာခင်ကလည်း OnePlus 8 Pro မှာ 120Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။OnePlus 7 Series တွေကို ဒီနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း မေလမှာပဲ OnePlus 8 နဲ့ OnePlus 8 Pro ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: