0 Shares 47 Views

Windows ဗားရှင်း Skype မှာ အသံ(သို့)စာသား ဘာသာပြန်လုပ်ဆောင်ချက်ကိုထည့်သွင်း

skype_windows_official_3

 

ဗီဒီယို ခေါ်ဆိုမှုနဲ့ မက်ဆေ့ဂ်ျ ချက်ချင်းပို့နိုင်တဲ့ ရေပန်းအစားဆုံး ၀န်ဆောင်မှု ဖြစ်သော Skype ဟာ Windows desktop ဗားရှင်း အက်ပလီကေးရှင်းမှာလည်း ဘာသာပြန်လုပ်ဆောင်ချက်(Translator Tool) ကို သုံးစွဲသူအားလုံးအတွက် ထည့်သွင်းပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီကြေညာမှုဟာ Microsoft က Windows တွေအတွက် Skype ဘာသာပြန် ကြိုတင်သုံးသပ်မှု (Translator Preview) ကိုထုတ်ပြန်ပြီး လအနည်းငယ် အကြာ ၊ မိုဘိုင်းလ် စနစ်ထုတ်ပြန်ပြီး ၆ လခန့်အကြာ နဲ့ မိုဘိုင်းလ်မှာ ကြိုတင်သုံးသပ်ခြင်းမိတ်ဆက်(Introduction of the preview on mobile) ကို ထုတ်ပြန်ပြီး ၁ နှစ်အကြာမှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Microsoft ဟာ သူတို့ရဲ့  ဘလော့ဂ်ပို့စ် တစ်ခုမှာတော့ ကွန်ပျူတာသုံး Skype ဆော့ဖ်ဝဲ ဟာ အသံမှအသံ သို့ ဘာသာပြန်ဆိုခြင်းကို ခွင့်ပြုခဲ့ပြီး မန်ဒါရင်တရုတ် ၊ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျာမန် ၊ အီတလီ ၊ ပေါ်တူဂီ နဲ့ စပိန် စတဲ့ ဘာသာစကား ၇ မျိုးကို အသံနဲ့ ဘာသာပြန်ဆိုပေးနိုင်တယ်လို့ သိရပါတယ်။ စာသား ရိုက်ပြီး မက်ဆေ့ဂ်ျပဲ ပို့လိုသူတွေအတွက်လည်း Hindi နဲ့ Urdu တို့အပါအ၀င် ဘာသာစကား ၅၀ ကျော်ကိုလည်း အထောက်အပံ့ ပေးနိုင်တယ်လို့ Microsoft က ကြေညာထားပါတယ်။

၂၀၁၄ခုနှစ် အကုန်ပိုင်းမှာ Beta ဗားရှင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ် ဇွန်လတုန်းကလည်း Microsoft ဟာ အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ဆိုပေးတဲ့ ၀န်ဆောင်မှုကို Skype ရဲ့ Windows ဗားရှင်းမှာ ထည့်သွင်းပေးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ နောက်ဆုံး ပန်းတိုင်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရာမှာ သတ်မှတ် ဘာသာစကား ကို မတတ်မြောက်ပေမယ့်လည်း ဆက်သွယ်ပြောဆိုနိုင်ပြီး ဘာသာစကား အခက်အခဲကို ချိုးဖျက်ဖို့ပဲ ဖြစ်ပါတယ်။

ကုမ္မဏီက ပြောပြခဲ့တာကတော့ ပြင်သစ် ဘာသာစကားကနေ အင်္ဂလိပ် ဘာသာစကားကို ဘာသာပြန်ဆိုခြင်းဟာ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး ဒီဝန်ဆောင်မှုကို စတင်ခဲ့ကတည်းက အခုအချိန်ထိ ပြင်သစ်ဘာသာစကားကနေ အင်္ဂလိပ် ဘာသာစကားကို ဘာသာပြန်ဆိုပေးရတဲ့ ခေါ်ဆိုမှု အရေအတွက်ဟာ ၄၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်ဆိုတာပဲ။

ဒီ အက်ပလီကေးရှင်ဟာ Windows 8 ၊ Windows 8.1 နဲ့ Windows 10 တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Skype ရဲ့ဗားရှင်းကို update လုပ်ပြီးသွားရင်တော့ အက်ပလီကေးရှင်းရဲ့ညာဘက်ထောင့်မှာ ကမ္ဘာလုံးပုံ ခလုတ်တစ်ခုကိုတွေ့ရမှာပါ။ ၀မ်းနည်းဖို့ ကောင်းတာကတော့ ဒီဝန်ဆောင်မှုဟာ Windows ဗားရှင်း Skype အက်ပလီကေးရှင်းမှာပဲ ရနိုင်သေးတာဖြစ်ပါတယ်။

Ref : Gadgets 360

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
81 shares28 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Leave a Comment

Most from this category