Android ဖုန်းဈေးကွက်ထဲကို အမိုက်စားစမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးနဲ့ ပြန်လည်ဝင်ရောက်လာတော့မယ့် Nokia

Jul 20, 2016
0 5

Nokia မိုဘိုင်းကုမ္ပဏီကို Microsoft ထံကနေ ဖင်လန်အခြေစိုက် HMD Global ကုမ္ပဏီက ၀ယ်ယူလိုက်ပြီးနောက်မှာ  မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ Nokia စမတ်ဖုန်းတွေကို ပြန်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

မိုဘိုင်းခေတ်ဦးလောကကို ဦးဆောင်ခဲ့တဲ့ Nokia ကုမ္ပဏီဟာ Nokia အမှတ်တံဆိပ်နဲ့ Android ဖုန်းမော်ဒယ် အသစ်နှစ်မျိုးကို မကြာမီထုတ်လုပ်တော့မှာဖြစ်ကြောင်း နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ သိရပါတယ်။

ယခုစမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို ထိုင်ဝမ်အခြေစိုက်အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်သူကုမ္ပဏီ Foxconn က တာဝန်ယူထုတ်လုပ်မှာဖြစ်ပြီး၊ HMD Global က မားကတ်တင်းနဲ့ ဈေးကွက်ဖြန့်ချိရေးအပိုင်းကို တာဝန်ယူသွားမှာဖြစ်ပါတယ်။

မကြာမီက ပေါက်ကြားလာတဲ့သတင်းအရ၊ Nokia အမှတ်တံဆိပ်စမတ်ဖုန်းနှစ်မျိုးဟာ မျက်နှာပြင်အကျယ် ၅.၂ လက်မနဲ့ ၅.၅ လက်မ ဖုန်းနှစ်မျိုးဖြစ်ပြီး၊ 2K resolution (QHD) မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ IP68 အဆင့်ရရှိထားတဲ့ ရေစိုခံစမတ်ဖုန်းတွေဖြစ်ပြီး၊ Samsung ရဲ့ Galaxy S7 ဖုန်းတွေကို အဓိကဈေးကွက်ယှဉ်ပြိုင် သွားဖွယ်ရှိနေပါတယ်။

မိုဘိုင်းဖုန်းသတင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ချရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Gizmo China မီဒီယာက ဖော်ပြထားချက်အရ၊ Nokia စမတ်ဖုန်းအသစ်နှစ်လုံးဟာ Google ရဲ့ နောက်ဆုံးထွက် Android စနစ် Android 7.0 Nougat စနစ်ကို အခြေခံထားပြီး၊ Nokia ရဲ့ Z Launcher UI ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ကိုယ်ထည်ကို ခေတ်နဲ့အညီ သတ္တုကိုယ်ထည်အသုံးပြုထားပြီး၊ OLED မျက်နှာပြင်ကို သုံးဖွယ်ရှိနေပါတယ်။ ဂရပ်ဖင်း (Graphene) ကာဗွန်အလွှာပြားအပေါ် Nokia ရဲ့ အထူးသုတေသနပြုလေ့လာထားမှုကြောင့် ယခုစမတ်ဖုန်းတွေမှာ ပါဝင်မယ့်ဆန်ဆာတွေဟာ လက်ရှိဖုန်းတွေထဲမှာ အကောင်းဆုံးဆန်ဆာတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

HMD Global အနေနဲ့ Nokia တံဆိပ်စမတ်ဖုန်းအသစ်နှစ်မျိုးကို ၂၀၁၆ ခုနှစ်ကုန်ပိုင်းလောက်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အတွင်းရောက်မှ ဈေးကွက်ဝင်ဖို့ ရှိပါတယ်။

ယခုနှစ်မေလပိုင်းမှာ Nokia က သတင်းထုတ်ပြန်ထားချက်အရ၊ ဖင်လန်အခြေစိုက်ကုမ္ပဏီအသစ်ဖြစ်တဲ့ HMD Global ဟာ Nokia တံဆိပ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ နောက်ထပ် ၁၀ နှစ်တိတိ လိုင်စင်ယူထားတယ်လို့ လည်း သိရပါတယ်။

တစ်ချိန်တုန်းက Nokia ဆိုတာ ကမ္ဘာ့မိုဘိုင်းဈေးကွက်မှာ ထိပ်သီးကုမ္ပဏီဖြစ်ခဲ့ပေမယ့်၊ Apple နဲ့ Samsung ဖုန်းတွေ ကြီးစိုးလာမှုကြောင့် ဈေးကွက်ပျောက်ခဲ့ရပါတယ်။ Android စနစ်အစား၊ Windows ပလက်ဖောင်းကို ရွေးချယ်ခဲ့မှုကလည်း Nokia ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုဖြစ်ခဲ့ပြီး၊ နောက်ဆုံးမှာ ကုမ္ပဏီရဲ့ မိုဘိုင်းထုတ်လုပ်ရေးဌာနတစ်ခုလုံးကို ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၇.၂ ဘီလီယံနဲ့ Microsoft ကို ရောင်းချခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် Nokia ဆိုတာ ဖုန်းသုံးစွဲသူတွေအကြားမှာ နာမည်ရပြီးသားဖြစ်တာကြောင့်၊ ယခုဖုန်းအသစ်နှစ်မျိုးထွက်ရှိလာတဲ့အခါ မိုဘိုင်ဈေးကွက်ကို ပြန်လည်သိမ်းပိုက်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref: Gadgets360,  Phone Radar, Gizmo China

 

 

 

Facebook Comments

You may be interested

Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ
Gadgets, NEWS
0 shares39 views

Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ

Ko Thuya - Feb 25, 2017

သင့်နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာချင်ရင်တော့ Acer ရဲ့ Air Monitor ကို အသုံးပြုနိုင်ပါတယ်။ နေအိမ်၊ ရုံးခန်းနဲ့ Indoor Area များမှာ အသုံးပြုနိုင်ပါတယ်။ ထိုင်ဝမ် အခြေစိုက် Acer Company က အင်္ဂါနေ့မှာ မိတ်ဆက်လိုက်တာ…

Viber မှာ အွန်လိုင်းရှော့ပင်း လုပ်နိုင်တော့မည်
NEWS, Softwares & Application, Tech Update
0 shares27 views

Viber မှာ အွန်လိုင်းရှော့ပင်း လုပ်နိုင်တော့မည်

Ko Thuya - Feb 25, 2017

Facebook Messenger အပါအ၀င် Messenger Apps များစွာဟာ စွမ်းဆောင်ချက် အသစ်များကို ထည့်သွင်းနေကြပါတယ်။ WhatsApp က Snapchat နဲ့ Instagram တို့ရဲ့ Stories စွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ Status Updates ကို မကြာခင်က ထည့်သွင်းပေးခဲ့ပါတယ်။…

Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares35 views

Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက်

Ko Thuya - Feb 25, 2017

Mobile World Congress ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပြီး ထုံးစံအတိုင်း စမတ်ဖုန်း ထုတ်လုပ်သူများက ပွဲမတိုင်ခင်မှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်နေကြပါတယ်။ ပြင်သစ်အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ Archos ကလည်း 50 Graphite နဲ့…

Most from this category