0 Shares 36 Views

ခရစ္စမတ်အတွက် လက်ဆောင်ပေးနိုင်သောအကောင်းဆုံး ကြိုးမဲ့နားကြပ်ငါးခု

Wireless Headphone

ကြိုးမဲ့နားကြပ်တွေဟာ သင့်ကိုကြိုးတွေရှုပ်နေတဲ့ကိစ္စတွေကိုဖြေရှင်းရုံမဟုတ်ပဲ ပြဿနာများစွာကိုဖြေရှင်းခဲ့ပါပြီ၊

သူတို့ဟာ အသံအရည်အသွေး၊ ကြာရှည်ခံတဲ့ဘက်ထရီသက်တမ်း၊ စတဲ့အချက်တွေက သင့်ရဲ့မိသားစုထဲက သီချင်းကြိုက်တတ်တဲ့သူတစ်ယောက်ယောက်ကိုလက်ဆောင်ပေးဖို့အကောင်းဆုံးဖြစ်စေမှာပါ၊

တကယ်လို့ ကောလဟလတွေဖြစ်တဲ့ iPhone 7မှာ Headphone အတွက် 3.5မီလီမီတာ အပေါက်တစ်ခုတည်းပဲ သီးသန့်ပါလာတော့မယ်ဆိုတဲ့ သတင်းမှန်ခဲ့ရင်လည်း ကြိုးမဲ့နားကြပ်ဖြစ်တဲ့အတွက် နောက်ထပ်နားကြပ်တစ်ခုထပ်ဝယ်
ရမယ့် ဒုက္ခကလည်းကင်းသွားပြီဖြစ်ပါတယ်၊

(၁) Jabra Sport Coach

Wireless Headphone1

Jabra Sport Coach က တစ်စုံကို ယူရို119.99(မြန်မာကျပ် – ၁၇၀၀၀၀ခန့်) ရှိပြီး ပလတ်စတစ်နဲ့ပြုလုပ်ထားတာဖြစ်ကာ အရောင်ကိုတော့ မီးခိုးရောင်၊ အပြာရောင်နဲ့ အနီရောင်ဆိုပြီး ရွေးချယ်လို့ရမှာဖြစ်ပါတယ်၊

Headphone တည်ဆောက်ပုံကတော့ အရမ်းရိုးရှင်းပြီး သေးငယ်တဲ့လမ်းကြောင်းတစ်လျှောက်မှာ မိုက်ကရိုဖုန်းလေးတစ်ခုပဲတပ်ထားတာပါ၊ ဆိုလိုတာကတော့အဲ့ဒါလေးနဲ့ဖုန်းပြောတာ အသံကျယ်တာတိုးတာ၊ သီချင်းတွေကိုကျော်တာ တွေပြုလုပ်နိုင်တာပါ၊

အားကစားလုပ်တဲ့အခါမှာ ဒီနားကြပ်လေးဟာ အမြဲတမ်းသင့်နားမှာချိတ်လျက်ရှိနေမှာဖြစ်ပြီး သင့်အတွက်နေထိုင်သွားလာတဲ့အခါမှာ ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းတက်ကြွစေမှာပါ၊

(၂) Adidas Sport adister Bluetooth by Monster

Wireless Headphone2

Monster ကပြုလုပ်ထားပြီး အားကစားဘီလူးကြီး Adidas ကဒီဇိုင်းထုတ်ထားတဲ့ ဒီနားကြပ်လေးကို သင့်ရဲ့စိတ်ကို တက်တက်ကြွကြွနဲ့ သင်တို့ရဲ့ခြေလှမ်းတိုင်းကို အမြဲအသက်ဝင်နေစေမှာပါ လို့ကြေငြာခဲ့ပါတယ်၊

Jabra နားကြပ်လိုပဲ တစ်ရာရာခိုင်နှုန်းချွေးစိုတာခံနိုင်ရည်ရှိပြီး ကြိုးပေါ်မှာ မိုက်ကလေးတစ်ခုရှိတာကြောင့် ဖုန်းခေါ်တာစတဲ့ Function တွေသုံးနိုင်မှာဖြစ်ပါတယ်၊

ဈေးနှုန်းကတော့ ယူရို 89.95(မြန်မာကျပ် – ၁၂၈၀၀၀ခန့်) လို့သိရပါတယ်၊

(၃) Beats Solo2 Wireless Headphones

Wireless Headphone3

နားကြပ် Brand တွေထဲမှာ လူသိအများဆုံးတစ်ခုဖြစ်ပြီး (ယခု Apple ကုမ္ပဏီပိုင်) ရဲ့နားကြပ်ကတော့ ဈေးကြီးတယ်လို့ဆိုနိုင်ပေမယ့် သူ့ဈေးနဲ့သူတော့ သင့်တင့်လျှောက်ပတ်မှု ရှိတာကိုတွေ့ရမှာပါ၊

ဘက်ထရီသက်တမ်းကတော့ သီချင်းတွေနားထောင်နေရင်းနဲ့ဆို ၁၂နာရီထိခံမှာဖြစ်တာကြောင့် ဘက်ထရီသက်တမ်းကြာရှည်တယ်လို့ပြောနိုင်ပါတယ်၊

Beats Solo2 ကြိုးမဲ့နားကြပ်ကို ဈေးကတော့ ယူရို 229 (မြန်မာကျပ် – ၃၂၅၀၀၀ခန့်) လို့သတ်မှတ်ထားပါတယ်၊

(၄) Sony MDR-AS600BT Ear Headphones

Wireless Headphone4

သင်ဟာဈေးလဲအတော်အသင့်လောက်နဲ့ အရည်အသွေးလည်း အဆင်ပြေနိုင်မယ့် ကြိုးမဲ့နားကြပ်ကို လိုချင်တယ်ဆိုရင်တော့ Sony ကိုဝယ်သင့်ပါတယ်၊

တခြားအပေါ်မှာဖော်ပြခဲ့ တဲ့နားကြပ်တွေဟာ အသွားအလာ၊ လှုပ်ရှားမှု စတာတွေကို အံဝင်ခွင်ကျဖြစ်အောင် သေချာစီမံထားတယ် ဆိုတာကိုဖော်ပြခဲ့ပြီးပါပြီ၊

အခုဆိုနီရဲ့နားကြပ်ကလည်းပဲ တခြားစမတ်ဖုန်းတွေနဲ့ လွယ်ကူစွာချိတ်ဆက်နိုင်တဲ့ NFC(Near Field Communication) စနစ်ကိုထပ်မံထည့်သွင်းပေးထားပါတယ်၊ ဈေးနှုန်းကတော့ ယူရို 55 (မြန်မာကျပ် – ၇၈၀၀၀ခန့်) လို့  သတ်မှတ်ထားလို့ သင့်တယ်လို့ပြောနိုင်ပါတယ်၊

(၅) Skullcandy Uproar Wireless headphones

Wireless Headphone5

ဒီနားကြပ်လေးက အဖြူနဲ့အနီဆိုပြီး အရောင်နှစ်ရောင်သာရှိပေမယ့် ဖန်စီဆန်လို့ လူငယ်တော်တော်များများ နှစ်သက်တဲ့ နားကြပ်အမျိုးအစား ဖြစ်ပါတယ်၊

ကိုယ်ထည်မှာ ကွန်ထရိုးခလုတ်လေးတွေ ထည့်သွင်းပေးထားတာကလည်း တပ်ဆင်ထားရင်းနဲ့ သီချင်းတွေကို adjust လုပ်နိုင်မှာဖြစ်ပြီး ဖုန်းလည်းခေါ်ဆိုနိုင်မှာပါ၊

ဈေးကလည်းအတော်လေးကိုနည်းတာတွေ့ရပြီး ယူရို 34.99 (မြန်မာကျပ် – ၅၀၀၀၀ခန့်) သာရှိတာကြောင့် ဒီစာရင်းထဲမှာတော့ အသင့်တော်ဆုံးဖြစ်ပါတယ်၊

(Blue Lion)

Ref: Mirror

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category