0 Shares 50 Views

နေရာမရွေး ပုံရိပ်ထိုးပြနိုင်တဲ့ Sony ရဲ့ ဘက်ထရီအားသုံး၊ ကြိုးမဲ့ခရီးဆောင်ပရိုဂျက်တာ

Jan 16, 2016
0 50

4c6adeff0e4b32d7df2b815d68dc57f2

သမားရိုးကျပရိုဂျက်တာတွေရဲ့ခေတ်ကို တွန်းလှန်ပစ်မယ့် ကြိုးမဲ့ခရီးဆောင်ပရိုဂျက်တာဟာ Sony ရဲ့ ကျေးဇူးကြောင့် ပေါ်ထွက်လာပါပြီ။

နည်းပညာကုမ္ပဏီ Sony ဟာ LSPX-P1 လို့ ခေါ်တဲ့ ကြိုးမဲ့ခရီးဆောင်ပရိုဂျက်တာကို ယခုနှစ်နွေရာသီအတွင်း အမေရိကကို တင်သွင်းဖြန့်ချိသွားမှာဖြစ်ကြောင်း CES ပြပွဲမှာကြေငြာခဲ့ပါတယ်။

ခေတ်ဟောင်းပရိုဂျက်တာတွေဟာ သာမန်အားဖြင့်အရွယ်အစားကြီးမားသလို၊ ပုံရိပ်/ဗီဒီယိုတွေပြနိုင်ဖို့အတွက် နေရာကြီးကြီးလိုအပ်သလို၊ ကြိုးနဲ့ချိတ်ဆက်ဖို့လည်းလိုအပ်ပါတယ်။ ဒါပေမယ့် Sony ရဲ့ အဖြူရောင်လေးထောင့်တုံးပုံစံ LSPX-P1 ကြိုးမဲ့ပရိုဂျက်တာကတော့ လက်ဝါးပေါ်တင်နိုင်လောက်အောင် သေးငယ်ပေါ့ပါးပြီး၊ ကြိုးမဲ့စနစ်ဖြစ်ကာ၊ ပြားချပ်တဲ့မျက်နှာပြင်တိုင်းမှာ လက်မ ၂၀ ကနေ လက်မ ၈၀ အထိရှိတဲ့ ပုံရိပ်တွေကို ထိုးပြနိုင်ပါတယ်။

ရုပ်ရှင်ကားကြီးတစ်ကားကိုပြီးတဲ့အထိကြည့်နိုင်တဲ့ဘက်ထရီလည်းပါရှိတယ်လို့ Sony က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ HDMI ကြိုးချိတ်ဆက်နိုင်တဲ့ သီးခြားအစိတ်အပိုင်းမော်ဂျူးတစ်ခုပါရှိပြီး PC ဒါမှမဟုတ် Blu-ray player တွေနဲ့လည်း ချိတ်ဆက်သုံးစွဲနိုင်ပါတယ်။ အဆိုပါမော်ဂျူးဟာ မိမိအိမ်ရဲ့နက်ဝေါ့ခ် ဒါမှမဟုတ် ရုံးနက်ဝေါ့ခ်ကနေ ပရိုဂျက်တာနဲ့ကြိုးမဲ့ချိတ်ဆက်နိုင်တာကြောင့် ပရိုဂျက်တာကို နက်ဝေါ့ခ်မိတဲ့အကွာအဝေးအတွင်း ကြိုက်တဲ့နေရာ ယူဆောင်သွားနိုင်ကာ ၊ကြိုက်တဲ့မျက်နှာပြင်မှာ ထိုးကြည့်နိုင်မှာဖြစ်ပါတယ်။

ဒီပရိုဂျက်တာဟာ မိမိအိမ်နံရံ ဒါမှမဟုတ် စက္ကူတစ်ရွက် ဒါမှမဟုတ်လည်း စားပွဲခုံပေါ်မှာတင် အနီးကပ် အရည်အသွေးမြင့်ပုံရိပ်တွေကို ထိုးပြနိုင်ပါတယ်။ ထို့အပြင် ပရိုဂျက်တာမှာ စပီကာပါတစ်ပါတည်း ပါရှိသလို၊ စမတ်ဖုန်း app နဲ့ချိတ်ဆက်ကာလည်း ရုပ်ရှင်တွေကိုအစဉ်လိုက်ပြသဖို့ ရွေးချယ်တာမျိုးလုပ်နိုင်ပါသေးတယ်။

LSPX-P1 ပရိုဂျက်တာရဲ့ ဈေးနှုန်းနဲ့ တခြားနိုင်ငံတွေမှာ ဘယ်တော့ရရှိနိုင်မလဲဆိုတာကိုတော့ Sony က ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိပါဘူး။

sony-ces-2106-14

Ref: Cnet

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category