0 Shares 22055 Views

ကိုယ့်ဖုန်းကို ကိုယ်ပြန်ဖျက်ဆီးသလိုဖြစ်နေတဲ့ အားသွင်းနည်းအမှား (၇) မျိုး

Jan 16, 2016
0 22055

tmg-article_main_wide

ဖုန်းတစ်လုံးကို အားသွင်းရတာက ဘာများခက်လို့ မှားစရာ ဘာရှိမှာလဲလို့ သင်ထင်ပါလိမ့်မယ်။ တကယ်တမ်းတော့၊ ကျွန်တော်တို့ ရဲ့ ဖုန်းကို အားသွင်းပုံသွင်းနည်းတွေက ကိုယ့်ဖုန်းရဲ့ လီသီယံ-အိုင်းယွန်း ဘက်ထရီတွေကို ညှင်းသတ်သလိုဖြစ်နေတတ်ပါတယ်။

ဖုန်းဘက်ထရီကြောင့် ဖုန်းပါထိခိုက်နိုင်တာမို့  အောက်ပါအားသွင်းနည်းအမှားတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။

၁။ ၁၀၀ ရာခိုင်နှုန်းပြည့်တဲ့အထိအားသွင်းတတ်တာ

ကိုယ့်ဖုန်းဘက်ထရီက ၈၀ ရာခိုင်နှုန်းလောက်ရောက်ရင်ကို၊ ချွေးစေးတွေပျံ၊ နေမရထိုင်မရတွေဖြစ်ပြီး အားအပြည့်ဝင်တဲ့အထိ သွင်းနေတတ်ပါသလား။ ဖုန်းကို ဘက်ထရီအားအပြည့်မှာပဲထားခြင်းက ကိုယ့် ဖုန်းဘက်ထရီကို ရှည်ကြာအောင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ၊ ဖုန်းကို ဘက်ထရီအား ၃၀ ကနေ ၈၀ ရာခိုင်နှုန်းအကြားပဲ ထားသင့်တယ်လို့ ဆိုပါတယ်။ ဒီပမာဏမှာ ဖုန်းရဲ့လုပ်ဆောင်မှုဟာ အကောင်းမွန်ဆုံးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့၊ ညဘက်ဖုန်းအားသွင်းရင်း အိပ်တာမျိုးကို ရှောင်သင့်ပြီး၊ တစ်နေ့ လုံးမှာ အချိန်နည်းနည်းပဲ အားခဏခဏသွင်းသင့်ပါတယ်။

၂။ ဖုန်းအားကုန်တဲ့အထိသုံးတတ်တာ

လီသီယံ-အိုင်းယွန်းဘက်ထရီတွေဟာ အားအရမ်းနည်းသွားတဲ့အခါ၊ အငွေ့ပျံ့တတ်ပါတယ်။ ဒါကြောင့် ‘low battery’ ဆိုတဲ့ သတိပေးချက် ခဏခဏပေါ်မလာအောင် သတိထားသင့်ပါတယ်။ ဖုန်းလုံးဝအားကုန်သွားတဲ့ အခါတိုင်း ဘက်ထရီအားမဆိုစလောက်လေးပျော့ပျော့သွားတတ်တာကိုလည်း မမေ့ပါနဲ့။

၃။ ဖုန်းဘက်ထရီအရမ်းပူအောင်ထားတတ်တာမျိုး

ဒါကအားသွင်းနည်းအမှားတော့မဟုတ်ပေမယ့်ဖုန်းဘက်ထရီတွေအတွက် အရေးကြီးတစ်ချက်ပါပဲ။ နေပူထဲ အကြာကြီးထွက်ပြီးတဲ့အခါ၊ ဖုန်းသုံးရတာလေးနေတာကို သတိထားမိသလား။ iPhone ဘက်ထရီတွေဟာ ပြင်းထန်တဲ့အပူချိန်ကို အရမ်းကြောက်ပါတယ်။ Apple ရဲ့တရားဝင်အကြံပေးချက်အရ၊ iPhone၊ iPads၊ iPod နဲ့ Apple Watch တွေကို အပူချိန် ၃၂ ဒီဂရီကနေ ၉၅ ဒီဂရီအတွင်းသာ ထားသင့်ပါတယ်။

၎။ ကြိုးမဲ့အားသွင်းစက်ကိုအရမ်းသုံးတာ

iPhone အရန်ဘက်ထရီကေ့စ် တွေဟာ အားသွင်းဖို့ အရေးတကြီးလိုတဲ့အခါ တကယ်အသုံးဝင်ပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းချိန်မှာ သင့်ဖုန်းရဲ့ဘက်ထရီကော အားသွင်းကေစ့် ပါ အပူထွက်ပါတယ်။ ကြာရှည်ဆိုရင် သင့်ဖုန်းကိုထိခိုက်မှုရှိနေတာကြောင့် power bank လိုမျိုး ကြိုးထိုးအားသွင်းရတဲ့ ခရီးဆောင်ချာဂျာတွေ ဆောင်ထားသင့်ပါတယ်။

၅။ ကာဗာမဖြုတ်ဘဲဖုန်းအားသွင်းတတ်တာ

ဖုန်းအားသွင်းနေချိန်မှာ၊ ဖုန်းကအရမ်းပူခြစ်နေတာမျိုးကြုံဖူးပါသလား။ ဒီလိုဖြစ်ရတာဟာ သင့်ဖုန်းမှာ အလှတပ်ထားတဲ့ကာဗာအခွံက အားသွင်းစဉ်ထွက်ရှိတဲ့အပူတွေကို ပိတ်လှောင်ထားသလို ဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းအားသွင်းချိန်မှာကာဗာဖြုတ်ထားပါ။

၆။ အပိုဖုန်းတစ်လုံးကို အားမသွင်းဘဲသိမ်းထားတတ်တာ

iPhone 6S အသစ်လေး အိမ်သာခွက်ထဲပြုတ်ကျသွားရင်၊ အရန်သင့်သုံးရအောင်လို့ဆိုပြီး ဖုန်းအဟောင်းတစ်လုံးလောက် ဆောင်ထားတတ်ပါသလား။ ဒါဆိုရင်တော့ အရန်ဖုံးကို အေးတဲ့နေရာမှာပဲ ထားပြီး၊ အားတစ်ဝက်သာသာလောက်ပဲသွင်းထားပေးပါ။ ဖုန်းကိုအားလုံးဝမသွင်းဘဲထားရင်၊ ဘက်ထရီက နောင်ဆို အရင်ကလောက် အားပမာဏများများမဆံ့တော့ဘဲ၊ ခဏလေးနဲ့ ဖုန်းအားကုန်တာမျိုးဖြစ်တတ် ပါတယ်။ ဖုန်းကိုအားအပြည့်နဲ့ မသုံးဘဲအချိန်ကြာကြာထားပြန်ရင်လည်း၊ ဘက်ထရီအားပမာဏလျော့နိုင်ပါတယ်။

၇။ အပေါစားချာဂျာတွေသုံးတာ

Apple ကထုတ်ပေးထားတဲ့ချာဂျာဟာ ဘက်ထရီအား ၁၀၀ ရာခိုင်နှုန်းရောက်သွားရင် အားဝင်တာကို အလိုလိုဖြတ်ပေးပါတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ဘယ်ကထုတ်မှန်းမသိတဲ့ USB ချာဂျာတွေဟာ ဒီလိုမလုပ်ဆောင်နိုင်တာကြောင့် ဘက်ထရီ ကိုအားအလွန်အကျွံဖြည့်ပေးသလိုဖြစ်နေပြီး ဖုန်းကို ထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။

Ref: Thrillist

 

 

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Leave a Comment

Most from this category