0 Shares 62 Views

ကိုယ့်အတွေးနဲ့ကိုယ်

Railway Train

ငယ်ရွယ်တဲ့ ပရိုဂမ်မာတစ်ဦးနဲ့ သူ့ရဲ့ ပရောဂျက်မန်နေဂျာတို့ နှစ်ဦးတို့ ဟာ ရထားစီးပြီး တောင်ထူထပ်တဲ့ Wichita ဒေသဆီ ခရီးထွက်ဖို့လာခဲ့တယ်။ ရထားပေါ်မှာ ထိုင်ဖို့နေရာရှာတော့ ပြတင်းပေါက်နဲ့ ကပ်လျက် အဖွားကြီးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ထိုင်နေတဲ့၊ မျက်နှာချင်းဆိုင်ထိုင်ခုံတစ်စုံကလွဲပြီးထိုင်စရာနေရာမရှိတော့ဘူး။ ဒါနဲ့ သူတို့နှစ်ယောက် အဲ့ဒီမှာပဲထိုင်လိုက်ကြတယ်။

ခရီးကစထွက်လာပြီး မကြာမှီမှာ ပရိုဂရမ်မာကောင်လေးနဲ့ ကောင်မလေးဟာ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းတွေဆုံပြီး သိသိသာသာပဲ စိတ်ဝင်စားသွားကြတယ်။ ခဏအကြာမှာရထားဟာ လှိုင်ခေါင်းထဲကိုဖြတ်သန်းသွားပြီး မှောင်ခနဲဖြစ်သွားတယ်။ အဲ့ဒီအချိန်ခဏလေးမှာ အနမ်းပေးတဲ့အသံတွေနဲ့ ပါးရိုက်လိုက်တဲ့အသံတွေကြားလိုက်ရတယ်။ ရထားက လှိုဏ်ခေါင်းထဲက ပြန်ထွက်လာတော့ လေးယောက်လုံးဟာ နေရာမှာပဲ ဟန်မပျက်ရှိနေကြတယ်။

အဘွားကြီးက”ခုနကအသံက ဟိုကောင်လေးက ငါ့မြေးကိုနမ်းလိုက်လို့ သူမက ပါးရိုက်လိုက်တဲ့ အသံဖြစ်မယ်” လို့တွေးမိတယ်။

ပရောဂျက်မန်နေဂျာက “နည်းပညာရှင်ပေါက်စက ကောင်မလေးကို ချက်ချင်းထနမ်းလောက်အောင် သတ္တိရှိမယ်လို့ငါမထင်ခဲ့ဘူး၊ ဒါပေမယ့် ကောင်မလေးက ငါ့ကိုလူမှားပြီးရိုက်တာတော့မဖြစ်ပါစေနဲ့ပဲ ငါဆုတောင်းတယ်”

ကောင်မလေးကတော့ “ကောင်လေးကငါ့ကိုနမ်းခဲ့လို့ငါပျော်တယ်၊ ဒါပေမယ့် အဘွားကသူ့ကို ရိုက်လိုက်တာ မဟုတ်ဖို့ပဲဆုတောင်းရမယ်” လို့တွေးလိုက်မိတယ်။

ပရိုဂရမ်မာ ကောင်လေးကတော့ ဂုဏ်ယူတဲ့ပုံနဲ့ ပြုံးပြုံးကြီးထိုင်နေရင်း “ဘ၀ကလှတယ်၊ တစ်ချိန်ထဲ ဒီလိုလှပတဲ့ မိန်းကလေးကို နမ်းရင်း ပရောဂျက်မန်နေဂျာပါးကို တွယ်လိုက်ရတဲ့ အဖြစ်မျိုး ဘယ်သူရှိမလဲ”

slapped

Ref: unijokes.com

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Leave a Comment

Most from this category