0 Shares 14 Views

Super-Amoled မျက်နှာပြင်နှင့် Samsung Galaxy J1(2016) အားမိတ်ဆက်ပြသ

ကောလဟလသတင်းတွေပြီးခဲ့တဲ့ ရက်သတ္တအနည်းငယ်က ထွက်လာပြီးနောက်ပိုင်းမှာ တောင်ကိုးရီးယား နည်းပညာဘီလူးကြီးဟာ Galaxy J1 ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ Samsung Galaxy J1 2016 ကို UAE နိုင်ငံဒူဘိုင်းမှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီဖုန်းကို တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၀ (ကျပ် ၁၈၀၀၀၀ခန့်) ရှိပြီး လက်လီအရောင်းဆိုင်တွေနဲ့၊ ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်တွေမှာတော့ အရောင်းစာရင်းမတင်ရသေးတာဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ပုံတွေအရ Samsung Galaxy J1 2016 ဟာ ရွှေရောင်တစ်မျိုးထဲသာတွေ့ရပြီး Android 5.1.1 Lollipop နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ တခြားFeature တွေကတော့ ၄.၅လက်မ WVGA (800×480 pixels) Resolution ရှိ Super Amoled မျက်နှာပြင်၊ Quad-Core 1.3GHz processor နဲ့ RAM 1GB တို့ပဲဖြစ်ပါတယ်။ တခြာဖော်ပြချက်တွေအရပါဝင်မှာတွေကတော့ 8GB ရှိ Inbuilt Storage Memory, ကျောဘက်ကင်မရာ 5 Megapixel, 2 Megapixel ရှေ့မျက်နှာကင်မရာ နဲ့ 2050 mAh ရှိတဲ့ ဘက်ထရီတို့ပဲဖြစ်ပါတယ်။

samsung galaxy j1 2016 (1)

ကိုးကားချက်တွေအရ၊ အရင်ထွက်ခဲ့တဲ့ Samsung Galaxy J1 ဟာ Android 4.4.4 KitKat နဲ့ အလုပ်လုပ်တာဖြစ်ပြီး၊ Dual-Core 1.2 GHz processor နဲ့ 512MB RAM တို့ပါဝင်ပြီး၊ ကျောဘက်ကင်မရာ 5 Megapixel, ရှေ့မျက်နှာကင်မရာ 2Megapixel တို့ပါဝင်လို့ Galaxy J1 2016 နဲ့အတူတူပါပဲ။

Samsung ဟာ အဓိကအမျိုးအစား တစ်မျိုးဖြစ်တဲ့ S series စမတ်ဖုန်း Galaxy S7 ကိုလည်းမကြာမှီကြေငြာဖွယ်ရှိနေတယ်လို့ ကောလဟလ သတင်းတွေအရသိရပါတယ်။ အဆိုပါစမတ်ဖုန်းမှာ ၅.၁လက်မ QHD မျက်နှာပြင်, Qualcomm Snapdragon 820, 3GB RAM နဲ့ 64GB inbuilt storage memory တို့ပါဝင်လာဖွယ်ရှိပြီး ရေစိမ်ခံစမတ်ဖုန်းအဖြစ်ထုတ်လုပ်မယ်လို့လဲ ကောလဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

Ref: Gadgets360

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Leave a Comment

Most from this category