0 Shares 74 Views

နေရဲ့မျက်နှာပြင်ကို တကယ်ထိတွေ့မယ့် နာဆာရဲ့ အာကာသယာဉ်အသစ်

3054073-poster-p-1-nasas-newest-satellite-will-touch-the-sun

အမျိုးသားအာကာသနှင့်လေကြောင်းဦးစီးဌာန (NASA) နဲ့ ဂျွန်ဟော့ကင်းစ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ နေရဲ့မျက်နှာပြင်ကို တကယ်ထိတွေ့ နိုင်မယ့် လူမဲ့အာကာသစူးစမ်းလေ့လာရေးယာဉ် တစ်စီးကို ပူးတွဲတည်ဆောက်လျက်ရှိပါတယ်။

အဆိုပါအာကာသစူးစမ်းယာဉ်ဟာ ကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် ကုန်ကျမှာဖြစ်ပြီး၊ နေရဲ့ ပလာစမာဓာတ်ငွေ့ စက်ဝန်းထဲထိ အာရုံခံကိရိယာတွေကို ယူဆောင်သွားမှာ ဖြစ်ပါတယ်။

အဆိုပါအာရုံခံကိရိယာ (sensor) တွေက သိပ္ပံသုတေသနပိုင်းဆိုင်ရာအတွက် ပြန်လည်အသုံးချနိုင်မယ့် ဒေတာ အချက်အလက်တွေကို ကောက်ယူပေးမှာဖြစ်ပြီး နေမျက်နှာပြင်ရဲ့ ပြင်းထန်တဲ့အပူချိန် ၂၅၀၀ ဒီဂရီဖာရင်ဟိုက်ကို ခံနိုင်ရည်ရှိမယ်လို့လည်း သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

“ နေမျက်နှာပြင်ကနေ ၃.၈ သန်းမိုင်ကွာဝေးတဲ့နေရာမှာတင်၊ ဒီယာဉ်ဟာ ကျွန်တော်တို့ ကမ္ဘာမှာ ခံစားရတဲ့ နေအပူချိန်ရဲ့ ၄၇၅ ဆလောက် ပိုခံစားရပါလိမ့်မယ်။ ဒါကြောင့် နေမျက်နှာပြင်နဲ့ နီးနီးကပ်ကပ်ထိတွေ့ မယ့် အချိန်မှာ ဒီမစ်ရှစ်ရဲ့ သိပ္ပံအချက်အလက်ကောက်ယူမှုအဆင့်ဆင့်ကို အလိုအလျောက်ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဆိုလိုတာက၊ မြေပြင်ထိန်းချုပ်စက်တွေရဲ့ အချိန်နဲ့ တစ်ပြေးညီ လမ်းညွှန်ချက်မပါဘဲ စူးစမ်းယာဉ်က အလိုအလျောက်လုပ်ဆောင်မှာဖြစ်ပါတယ်” လို့

လူမဲ့စူးစမ်းရေးယာဉ်ကို တည်ဆောက်နေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ၊ Johns Hopkins တက္ကသိုလ်က Mr. Ralph McNutt က ရှင်းပြခဲ့ပါတယ်။

ဒီမစ်ရှင်အတွင်းကောက်ယူထားတဲ့ဒေတာတွေကို မိုက်ခရိုချစ်ပြားသုံးဒေတာမှတ်စက် (Solid State Recorder) အတွင်း သိမ်းဆည်းကာ၊ ကမ္ဘာမြေဘက်ဆီဦးတည်ပြီးတပ်ဆင်ထားတဲ့အင်တာနာကနေတဆင့် ကမ္ဘာမြေစခန်းက ပြန်လည်ဒေါင်းလုဒ်ရယူမှာဖြစ်ပါတယ်။

လူမဲ့စူးစမ်းရေးယာဉ်ရဲ့ အပူချိန်ခံနိုင်မှုစနစ်အတွက် အချင်း ၈ ပေရှိပြီး၊ ၄.၅ လက်မအထူရှိတဲ့ ကာဗွန်-ကာဗွန်၊ ကာဗွန်အမြုပ် ပေါင်းစပ်ပြုလုပ်ထားတဲ့အကာအကွယ်တစ်ခု ရှိပြီး၊ ယာဉ်ရဲ့အပေါ်မှာ တပ်ဆင်ထားမှာဖြစ်ပါတယ်။ ယေဘုယျကျကျဆိုရမယ်ဆိုရင်တော့ – နေမျက်နှာပြင်အတွင်း ယာဉ်ဝင်ရောက်ချိန်မှာ အာကာသယာဉ်ရဲ့အစိတ်အပိုင်းအများစုက အကာအကွယ်နောက်မှာ ‘ဖုံးကွယ်’ နေမှာ ဖြစ်ပါတယ်။

Solar Probe Plus ( နေစူးစမ်းယာဉ်ပလပ်စ်) ကို John Hopkins တက္ကသိုလ်ရဲ့ အသုံးချရူပဗေဒဓာတ်ခွဲခန်းရဲ့ အကူအညီအပြင် တခြားတက္ကသိုလ်အများအပြားကသိပ္ပံပညာရှင်တွေရဲ့ အကူအညီကိုပါယူကာ နာဆာက တည်ဆောက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်မှာ လွှတ်တင်သွားဖို့ ရည်မှန်းထားပါတယ်။

Ref: fastcompany

 

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
617 shares206 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
143 shares51 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category