0 Shares 2862 Views

ကျောကင်မရာနှစ်လုံးတွဲ တွေ့မြင်ရတဲ့ Xiaomi Mi 5s ဓာတ်ပုံ ပေါက်ကြားလာ

Jul 10, 2016
0 2862

မကြာခင်ထွက်ရှိမယ်လို့ သတင်းထွက်ပေါ်နေတဲ့ Xiaomi Mi 5s ဖုန်းမော်ဒယ်ဓာတ်ပုံဟာ အခုဆိုရင် အင်တာနက်ပေါ် ပေါက်ကြားလာပြီဖြစ်ပါတယ်။

အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအတိုင်းပဲ ကျောကင်မရာနှစ်လုံးတွဲကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။

Xiaomi Mi 5s ရဲ့ ကျောကင်မရာနှစ်လုံးတွဲကို Samsung က ထုတ်လုပ်ပေးတာဖြစ်ပြီး၊ Samsung ဟာ Xiaomi အပြင် LeEco အတွက်ပါ ကျောကင်မရာနှစ်လုံးတွဲတွေ ထုတ်လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

ယခုဓာတ်ပုံအတိုင်းသာ ထွက်ရှိလာမယ်ဆိုရင် Xiaomi Mi 5s ဖုန်းဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး ကျောကင်မရာနှစ်လုံးတွဲပါတဲ့ဖုန်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး၊ မကြာခင်ကထွက်ရှိထားတဲ့ Huawei P9 ဖုန်းနဲ့ အဓိကဈေးကွက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Xiaomi Mi 5s ဖုန်းမှာ ကျောကင်မရာနှစ်လုံးတွဲအပြင်၊ Apple ရဲ့ ‘3D Touch’ လိုမျိုး ဖိအားသိမျက်နှာပြင် ပါဝင်ဖွယ်ရှိသလို၊ Qualcomm ရဲ့ အသံထက်မြန်တဲ့လက်ဗွေရာဆန်ဆာ နဲ့ RAM 6GB တို့လည်း ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Xiaomi ဟာ Mi 5s ဖုန်းအပြင်၊ Mi Note 2 ဖုန်းကိုပါ တပါတည်းထုတ်သွားဖွယ်ရှိပြီး၊ သြဂတ်စ်လထဲမှာ ကြေငြာဖွယ်ရှိနေပါတယ်။

Ref: Gadgets360

 

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Leave a Comment

Most from this category