0 Shares 15 Views

ကွန်ပြူတာဝယ်လိုအား ၂၀၁၅ ခုနှစ်မှာ အဆိုးရွားဆုံးကျဆင်း

Jan 15, 2016
0 15

PC-Shipments-Decline-Globally-by-Over-9-Percent

တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ပြူတာဝယ်လိုအားဟာ ၂၀၁၅ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်ကာလ (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလ) မှာ ၁၀.၆ ရာခိုင်နှုန်းအထိ စံချိန်တင်ကျဆင်းခဲ့ကြောင်း ဈေးကွက်လေ့လာရေးကုမ္ပဏီ IDC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွန်ပြုတာတင်ပို့ ရောင်းချရမှုဟာ ကမ္ဘာ့နေရာအကုန်လုံးမှာကျဆင်းခဲ့တာဖြစ်ပြီး ယခုတစ်ခါ ကျဆင်းမှုဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ IDC က ဆိုပါတယ်။

စမတ်ဖုန်း၊တက်ဘလက်တွေ ခေတ်စားလာမှုက လက်ပ်တော့၊စားပွဲတင်ကွန်ပြူတာ၊နုတ်ဘွတ်ခ် ကွန်ပြူတာတွေ ၀ယ်လိုအားကျဆင်းခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ကွန်ပြူတာ OS တွေ ထွက်ရှိမှု ဟာ တစ်ခုနဲ့ တစ်ခုကြားမှာ နှစ်နှစ်၊သုံးနှစ်ကြာမှုကြောင့်လည်း PC အသုံးပြုသူကျဆင်းလာတာ ဖြစ်တယ်လို့  သိရပါတယ်။

ပြိုင်ဘက်သုတေသနကုမ္ပဏီ Gartner ရဲ့ လေ့လာမှုမှာလည်း PC ကွန်ပြူတာတွေဝယ်လိုအားဟာ အရင်တစ်နှစ်ကထက်စာရင် ၂၀၁၅ နောက်ဆုံးကာလမှာ ၈.၃ ရာခိုင်နှုန်းပိုကျဆင်းသွားကြောင်း ဖော်ပြခဲ့ပါတယ်။

ကွန်ပြူတာထုတ်လုပ်မှုအများဆုံးကုမ္ပဏီငါးခုထဲမှာ Apple ကုမ္ပဏီတစ်ခုပဲ လွန်ခဲ့တဲ့နှစ်မှာ ကွန်ပြူတာ၊လက်ပ်တော့ တင်ပို့ မှု မြင့်တက်ခဲ့ကာ၊ Acer ကုမ္ပဏီက ရောင်းအားအကျဆုံးဖြစ်ခဲ့ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီ Lenovo က ကွန်ပြူတာဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပြီး HP က ဒုတိယနေရာ၊ Dell က တတိယနေရာ၊ Apple နဲ့ ASUS တို့ က စတုတ္တနေရာကို ပူးတွဲရယူထားလျက်ရှိပါတယ်။

Ref: BBC

You may be interested

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း
FEATURES, Mobile & Tablets
0 shares0 views

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း

Ko Thuya - Oct 23, 2018

Qualcomm က ၂၀၁၇ ခုနှစ်မှာကြေညာခဲ့တဲ့ စွမ်းရည်သင့် Snapdragon 660 Chipset ဟာ လူကြိုက်များ ခဲ့ပြီး Samsung Galaxy A9 (2018), Asus ZenFone 4, Nokia 7 Plus တို့ အပါအ၀င်…

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares10 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares9 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Leave a Comment

Most from this category