0 Shares 34 Views

မျက်နှာကိုအခြေခံပြီးလူတို့၏စိတ်ခံစားမှုများအားပြောပြနိုင်သည့် သိဥာဏ်တုဆော့ဖ်ဝဲအားApple၀ယ်ယူ

AI system & Apple

Apple ကုမ္ပဏီက လူတို့ရဲ့ မျက်နှာက အမူအယာအားအကဲခတ်ပြီး စိတ်ခံစားမှုတွေကို ဖတ်နိုင်တဲ့ သိဥာဏ်တုဆော့ဖ်ဝဲကို ၀ယ်ယူခဲ့တယ်လို့သိရပါတယ်။

စိတ်ခံစားမှုတွေကို အခြေခံပြီးတော့ ဓာတ်ပုံတွေနဲ့ မျက်နှာတွေကို ဖုန်းကခြေရာခံနိုင်ဖို့ဟာ သူတို့ရဲ့နောက်ဆုံး အစီအစဉ်ဖြစ်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။ iPhones နဲ့ တခြားအရာတွေမှာ သိဥာဏ်တု ကိုထည့်သွင်းတည်ဆောက်ပြီး အသုံးပြုသူတွေဘာတွေဖြစ်နေတယ်ဆိုတာသိနိုင်ပြီးတော့ သုံးစွဲသူနဲ့ Apple Devices တွေကြားမှာ ပိုမိုနီးစပ်လာဖို့အတွက် ကုမ္ပဏီကစီစဉ်နေတာဖြစ်ပါတယ်။

Apple အနေနဲ့ သိဥာဏ်တု နည်းပညာအချို့ကို iOS9မှာအနည်းငယ် ထည့်သွင်းခဲ့ပြီး အသုံးပြုသူက ဘာကိုလုပ်နေတာ ဘာတွေကြည့်နေတာ စတာတွေကို သိပြီးမျက်နှာပြင်မှာ အလွယ်တကူဖော်ပြနိုင်ခဲ့ပါတယ်။ တကယ်လို့ ဒီလိုမျိုးနောက်ထွက်မယ့် ပစ္စည်းတွေမှာ သိဥာဏ်တုသာ ထည့်သွင်းနိုင်ခဲ့ရင် ဖုန်းတွေမှာ တကယ်လို့ သုံးစွဲသူက ဒေါသထွက်နေလို့ရှိရင် သီချင်းတွေအကျယ်ကြီး ဖွင့်ပေးတာ၊ အိပ်ချင်နေရင်ညင်သာပျော့ပျောင်းတဲ့သီချင်းတွေဖွင့်ပေးပြီးချော့သိပ်တာ စတာတွေပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။

Apple ဟာ မျက်နှာခံစားမှုတွေကို ခြေရာခံတဲ့စနစ်ကိုစိတ်ဝင်စားတဲ့ Google နဲ့ Facebook လို ကုမ္ပဏီတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းပညာမှာ အငြင်းပွားဖွယ်ရာတွေရှိနေခဲ့ပြီး ဥရောပကလူတော်တော်များများက ဒီစနစ်ကို ဆန့်ကျင်ကြလို့ ကုမ္ပဏီအများစုက ဥရောပဘက်ကို ဈေးကွက်ဦးတည်လို့မရခဲ့ပါဘူး။

Ref: Independent

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares79 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Leave a Comment

Most from this category