ရိုးရာအတိုင်း ကီးဘုတ်နဲ့ဖုန်းတွေ ထုတ်လုပ်တာကို ရပ်နားမှာမဟုတ်တဲ့ BlackBerry

Blackberry ကုမ္ပဏီဟာ သူတို့ရဲ့ ဖုန်းအမျိုးအစားတစ်မျိုးဖြစ်တဲ့ Classic ဖုန်းတွေ ထုတ်လုပ်တာကို ရပ်တန့်တော့မယ်လို့ မနေ့ကကြေငြာလိုက်ကြောင်း သတင်းတွေမှာ ရေးသားခဲ့ကြပါတယ်။ ဒါဟာဆိုရင် နောက်ပိုင်းမှာ BlackBerry အနေနဲ့ သူတို့ရဲ့ အမှတ်အသားလို့တောင် ဆိုလို့ရတဲ့ ကီးဘုတ်ပါရှိတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်မှုကိုရပ်တန့်တော့မယ့် သင်္ကေတတစ်ရပ်လည်းဖြစ်တယ်လို့ သတင်းတွေက ဆိုကြပါတယ်။

ဒါပေမယ့် BlackBerry ရဲ့ ကမ္ဘာလုံးဆိုင်ရာပစ္စည်းအရောင်းပိုင်းရဲ့ စီနီယာဒုတိယဥက္ကဌ Alex Thurber ကတော့ Twitter မှာ သတင်းတွေဟာမှားယွင်းကြောင်း၊ BlackBerry အနေနဲ့ ဖုန်းတွေကို ဆက်လက်ထုတ်လုပ်နေသေးကြောင်း Twitter မှာရေးသားဖော်ပြခဲ့ပါတယ်။

 

 

 

 

 

ဒါကြောင့် ကီးဘုတ်ပါတဲ့ဖုန်းတွေဟာ ဘယ်မှသွားမှာမဟုတ်ဘူးလို့ဆိုခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ ပထမဆုံး Android စနစ်သုံး စမတ်ဖုန်းဖြစ်တဲ့ Priv ကို ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဖုန်းမှာလည်း စာရိုက်ကီးဘုတ်က ပါဝင်နေဆဲဖြစ်ပါတယ်။ အဲ့ဒီအပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထွက်ပေါ်လာခဲ့တဲ့ ကောလဟလတွေအရ BlackBerry ဟာ နောက်ထပ် Android စနစ်သုံး ဖုန်းအမျိုးအစား သုံးမျိုးကို ထပ်မံထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။

blackberry-classic2

Ref: The Verge

Facebook Comments

You may be interested

Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ
Gadgets, NEWS
0 shares41 views

Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ

Ko Thuya - Feb 25, 2017

သင့်နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာချင်ရင်တော့ Acer ရဲ့ Air Monitor ကို အသုံးပြုနိုင်ပါတယ်။ နေအိမ်၊ ရုံးခန်းနဲ့ Indoor Area များမှာ အသုံးပြုနိုင်ပါတယ်။ ထိုင်ဝမ် အခြေစိုက် Acer Company က အင်္ဂါနေ့မှာ မိတ်ဆက်လိုက်တာ…

Viber မှာ အွန်လိုင်းရှော့ပင်း လုပ်နိုင်တော့မည်
NEWS, Softwares & Application, Tech Update
0 shares27 views

Viber မှာ အွန်လိုင်းရှော့ပင်း လုပ်နိုင်တော့မည်

Ko Thuya - Feb 25, 2017

Facebook Messenger အပါအ၀င် Messenger Apps များစွာဟာ စွမ်းဆောင်ချက် အသစ်များကို ထည့်သွင်းနေကြပါတယ်။ WhatsApp က Snapchat နဲ့ Instagram တို့ရဲ့ Stories စွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ Status Updates ကို မကြာခင်က ထည့်သွင်းပေးခဲ့ပါတယ်။…

Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares37 views

Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက်

Ko Thuya - Feb 25, 2017

Mobile World Congress ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပြီး ထုံးစံအတိုင်း စမတ်ဖုန်း ထုတ်လုပ်သူများက ပွဲမတိုင်ခင်မှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်နေကြပါတယ်။ ပြင်သစ်အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ Archos ကလည်း 50 Graphite နဲ့…

Leave a Comment

Most from this category