၂၀၁၆ စက်ရုပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်ကို ဂျာမနီအသင်းအနိုင်ရရှိ

၂၀၁၆ ခုနှစ်အတွက်ကျင်းပတဲ့ စက်ရုပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဟာ အမေရိကန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ဂျာမနီဘက်က B-Human လို့ခေါ်တဲ့ ဘရီမင်အသင်းနဲ့ အမေရိကန်ပြည်ထောင်စု၊ Texas တက္ကသိုလ်က Austin Villa အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာပါ။

အပိုင်းနှစ်ပိုင်းခွဲယှဉ်ပြိုင်တာဖြစ်ပြီး တစ်ပိုင်းကို ဆယ်မိနစ်စီကြာမြင့်တာပါ။ အရှေ့ကို ဖြည်းဖြည်းချင်းစီတက်နေတဲ့ စက်ရုပ်လေးတွေရဲ့ ဘောလုံးကန်ပုံကို ကြည့်ရတာဟာ စိတ်မရှည်စရာကောင်းသလို ရယ်ချင်စရာလည်း ကောင်းနေခဲ့ပါတယ်။ ဂိုးတော့မယ့်ဆဲဆဲ လဲကျကျသွားတဲ့ ပုံစံလေးတွေကလည်း ချစ်ဖို့ကောင်းနေတာပါ။ ဒီပွဲစဉ်မှာတော့ ပွဲချိန်ပြည့်ထိသရေကျနေခဲ့ပြီး နောက်ဆုံးမှာတော့ ၃-၀နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

robot-worldcup1

ပြိုင်ပွဲစီစဉ်တဲ့လူတွေကတော့ စက်ရုပ်တွေအနေနဲ့ နောက်ပိုင်းမှာ လူတွေကိုတောင်ယှဉ်လာနိုင်ပြီး လာမယ့် ၂၀၅၀ခုနှစ်ကျရင် လူတွေကိုတောင် ယှဉ်ပြိုင်အနိုင်ယူနိုင်တော့မယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲဟာ စံအဖြစ်သတ်မှတ်ထားတဲ့ စက်ရုပ်စနစ်တစ်ခုမှာ ၂၃လက်မအရွယ် စက်ရုပ်ကလေးတွေက ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။

robot-worldcup2

Ref: TechRader, Telegraph

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.

Leave a Reply

Top