0 Shares 40 Views

ဘာဆော့ဖ်ဝဲမှမသုံးဘဲနဲ့ ကွန်ပြူတာမှာ ဖိုင်တစ်ခုကို လုံးဝရှာမတွေ့ အောင် ဘယ်လိုဖွက်မလဲ

Jan 15, 2016
0 40

လူတိုင်းနီးပါးလောက် Windows ကွန်ပြူတာမှာ ဖိုင် folder တစ်ခုကို ‘hidden’ ဘယ်လိုလုပ်မလဲဆိုတာ သိကြပါတယ်။ ဒီလိုလုပ်တတ်တဲ့လူတိုင်းနီးပါးကလည်း ‘hidden’ လုပ်ထားတဲ့ ဖိုင်တွေကို ပြန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာသိကြပါတယ်။

ကဲ..ဒါဆို “hidden” လုပ်တာက ဘာအသုံးဝင်တော့မှာလဲ။

ဒါပေမယ့် မပူပါနဲ့ ။ Windows OS မှာ သင်မသိသေးတဲ့ အသုံးဝင်တဲ့အချက်တွေအများကြီးရှိပါတယ်။

ဒီဆောင်းပါးမှာတော့ ဆော့ဖ်ဝဲတစ်ခုမှမသုံးဘဲ Windows OS မှာ ဖိုင်တစ်ခုကို လုံးဝဖျောက်ပစ်နိုင်မယ့် နည်းလမ်းကို တင်ဆက်လိုက်ပါတယ်။

၁။ ပထမဦးဆုံး ကျွန်တော်တို့ကွန်ပြူတာကနေ command prompt ကို အရင်ခေါ်ပါမယ်။ ကွန်ပြူတာက Windows ခလုတ်နဲ့ R ခလုတ်ကို ပေါင်းနှိပ်လိုက်ပါ။

၂။ ပေါ်လာတဲ့ box ထဲမှာ cmd လို့ ရိုက်ပါ။

image4

၃။ ဒီနေရာမှာတော့ ကျွန်တော်တို့ နည်းနည်းရှုပ်တာလေးရိုက်ထည့်ပေးဖို့ လိုပါတယ်။ ပထမဦးဆုံး သင် ဖွက်ချင်တဲ့ ဖိုင်ရဲ့ တည်နေရာကို မှတ်ထားပါ။ ( ဥပမာ C:\Users\Taylor Gibb\Desktop\Top Secret )

ထို့ နောက် ခုနပေါ်လာတဲ့ cmd.exe မှာ ဒါကို ရိုက်ပေးပါ။

attrib +s +h “C:\Users\Taylor Gibb\Desktop\Top Secret”

image5

(သတိပြုရမှာက မျက်တောင်အဖွင့်အပတ် ” ” သင်္ကေတထဲက မှာ ကိုယ်ဖွက်ချင်တဲ့ဖိုင်ရဲ့ Location ကိုရိုက်ထည့်ပေးရပါမယ်။ မျက်တောင်အဖွင့်အပိတ်ပါ ထည့်ရိုက်ပေးရမှာပါ။ ဥပမာ D ထဲက New Folder ကို ဖွက်မယ်ဆိုရင် attrib +s +h “D:\New Folder”

၎။ ကဲ ဒါပါပဲ။ အခုဆိုရင် သင့်ဖိုင်ဟာ ကွန်ပြူတာပေါ်ကနေ လုံးဝပျောက်သွားပါပြီ။ Folder Options ထဲ ၀င်ပြီး ‘Show hidden files’ သွားလုပ်ရင်တောင် မြင်ရမှာမဟုတ်ပါဘူး။

image6

၅။ ဖွက်ထားတဲ့ဖိုင်ကို ပြန်ဖော်ချင်တယ်ဆိုရင်တော့ ခုနနည်းအတိုင်းပဲ၊ အထက်ကရိုက်ထည့်လိုက်တဲ့စာရဲ့ + လက္ခဏာနေရာတွေမှာ – လက္ခဏာ ပြောင်းရိုက်ပေးပါ။

attrib -s -h “C:\Users\Taylor Gibb\Desktop\Top Secret”

image38

ဒီနည်းဟာ ကွန်ပြူတာအသုံးပြုသူ ၉၉ ရာခိုင်နှုန်းလောက်ကို လှည့်စားနိုင်ပေမယ့် ဒီနည်းနဲ့ ဖွက်ထားတဲ့ ဖိုင်ကို မြင်ရတဲ့နောက်တစ်နည်းလဲရှိပါသေးတယ်။

ဒါကတော့ “Folder and Search Options” ကနေ “View” ကို ၀င်ပါ။ အောက်နားမှာ အမှန်ခြစ်ထားတဲ့ “Hide protected operating system files” ဆိုတာ ရှိပါတယ်။

ဒါကို အမှန်ဖြုတ်လိုက်ရင်တော့ ခုနနည်းနဲ့ ဖွက်ထားတဲ့ဖိုင်တွေ မြင်ရမှာပါ။ ဒါပေမယ့် သာမန်လူတစ်ယောက်ကတော့ အမှန်ဖြုတ်ဖို့လုပ်လိုက်ရင် ပေါ်လာတဲ့ Warning သတိပေးစာကြောင့် လုပ်မိမှာမဟုတ်ပါဘူး။

406x488ximage40.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.2y77RZeD1p

Ref: How To Geek

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Leave a Comment

Most from this category