0 Shares 17 Views

ပင်လယ်ရေနဲ့ ဖုန်းအားသွင်းပေးနိုင်မယ့် အားသွင်းစက်တစ်မျိုးကို ဆွီဒင်ကုမ္ပဏီပြသ

Jan 15, 2016
0 17

phone-charger

ဆွီဒင်နည်းပညာကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ MyFC ဟာ JAQ လို့ အမည်ရတဲ့ အမိုက်စားအားသွင်းစက်တစ်မျိုးကို CES ပြပွဲမှာ ဇန်န၀ါရီခြောက်ရက်နေ့က ပြသခဲ့ပါတယ်။

JAQ စက်ဟာ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ယူသွားနိုင်လောက်အောင် သေးငယ်ပြီး ပင်လယ်ရေနဲ့ အောင်စီဂျင်ကို ဓာတုနည်းနဲ့ ဓာတ်ပြုကာ လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။

JAQ လောင်စာဆဲလ်သုံးအားသွင်းစက်မှာ ကာလာစုံရာဘာစွပ်အိတ်တစ်ခုနဲ့ အကြွေးဝယ်ကတ် အရွယ်အစားလောက်သာရှိတဲ့ ‘ပါဝါကတ်’ တို့ပါရှိပါတယ်။ အားသွင်းလိုတဲ့အခါ ဆားငန်ရေဖြည့်ထားတဲ့ ပါဝါကတ်ကို ရာဘာအစွပ်ထဲထည့်လိုက်ရုံနဲ့ ဆားငန်ရေနဲ့ အောက်စီဂျင်တို့ ဓာတ်ပြုကာ လျှစ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

ဖုန်းအားသွင်းချင်တယ်ဆိုရင် ကိုယ့်ဖုန်းရဲ့အားသွင်းကြိုးခေါင်းကို ‘JAQ’ စက်ရဲ့အပေါက်ထဲ သွင်းလိုက်ရုံနဲ့  ဖုန်းအားသွင်းနိုင်မှာဖြစ်ပါတယ်။

JAQ ပါဝါကတ်တစ်ကတ်ဟာ iPhone 6S တစ်လုံးကို အားအပြည့်သွင်းနိုင်ပြီး တက်ဘလက်တို့ လို အီလက်ထရောနစ်ပစ္စည်းအကြီးစားတွေဆိုရင်တော့ ပါဝါကတ် နှစ်ကတ်၊သုံးကတ်လောက် လိုမှာဖြစ်ပါတယ်။

အားနည်းချက်ကတော့ ပင်လယ်ရေပါဝင်တဲ့ပါဝါကတ်တွေဟာ တစ်ကြိမ်သုံးရုံလောက်ပဲကောင်းမှာ ဖြစ်ပြီး ခဏခဏအသုံးပြုပါက လျှပ်စစ်စွမ်းအင်လုံလုံလောက်လောက်မထုတ်ပေးတာမျိုး ကြုံတွေ့ ရနိုင်တယ်လို့  ဆိုပါတယ်။

JAQ ပင်လယ်ရေသုံးအားသွင်းစက်ကို အခုအခါဝယ်ယူရရှိနိုင်ဦးမှာမဟုတ်သေးမယ့် ယခုနှစ်နှောင်းပိုင်းလောက်မှာ ဈေးကွက်ထဲရောက်ရှိဖို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ JAQ စက်ရဲ့ဈေးနှုန်းကိုလည်း မသိရှိရသေးပေမယ့် ပါဝါကတ်တစ်ကတ်ကတော့ ၁.၅ ဒေါ်လာလောက် ကျသင့်ဖွယ်ရှိပါတယ်။

Ref: mashable

 

 

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares34 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1597 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Leave a Comment

Most from this category