ကျွန်တော်တို့တွေသိထားတာက Xbox, PlayStation စတဲ့ ဂိမ်းစက်တွေကို အဓိကအားပေးနေတဲ့ ပရိတ်သတ်တွေဟာ အမျိုးသားတွေဆိုတာပါပဲ။ ဒါပေမယ့် ယခုတော့ ဂျပန်နိုင်ငံက Xbox ပါတီကတော့ အမျိုးသမီးသီးသန့် Xbox ပါတီပွဲတစ်ပွဲကို ပြုလုပ်သွားခဲ့ပါတယ်။
ပြီးတော့ ဂျပန်လိုနည်းပညာတိုးတက်တဲ့ နိုင်ငံမှာ ပြည်တွင်းဖြစ်ဂိမ်းစက်တွေဖြစ်တဲ့ PlayStation, Wii နဲ့ Nintendo 3DS တို့လို လူကြိုက်များရေပန်းစားတဲ့ ဂိမ်းစက်တွေထဲက Xbox ဂိမ်းစက်ပွဲတော်ကို ပြုလုပ်ခဲ့တာကလည်း ထူးခြားတယ်လို့ ဆိုရမှာပါ။
至高のゲーム体験第2回のご当選者mocrainさま企画の #Xbox女子会 も大盛況のうちに終了いたしました。また皆さんとお会いできるのを楽しみにしています! 本日はありがとうございました pic.twitter.com/IAHZ6j34PU
— Xbox Japan (@Xbox_JP) June 26, 2016
ဒါပေမယ့် ၊ ကွန်ဆိုးတွေဟာ ဂိမ်းတော်တော်များများကို အမျိုးသားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာကို ဂျပန်ဂိမ်းစက်တွေမှာတောင် တွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့် Xbox ဂိမ်းတွေမှာ အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ ဂိမ်းတွေပါဝင်လို့ ဂျပန်က အမျိုးသမီးတွေဟာ Xbox ဂိမ်းစက်တွေကို ပိုမိုနှစ်သက်လာကြတာဖြစ်ပါတယ်။
ဒီပွဲကို Xbox, Microsoft Japanကဦးစီးပြုလုပ်တာဖြစ်ပြီး အမျိုးသားတွေကို တားမြစ်ထားတဲ့ အမျိုးသမီးသီးသန့်ပါတီအနေနဲ့ ကျင်းပခဲ့တာပါ။ Xbox ပါတီမှာ မုန့်တွေ၊ ကိတ်တွေနဲ့ ဧည့်ခံခဲ့ပြီး ဂိမ်းဆော့တာတွေ၊ ယှဉ်ပြိုင်တာတွေစတဲ့ ကစားနည်းတွေကိုလည်း ထည့်သွင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။
Ref: Techno Buffalo
You must log in to post a comment.