အမေရိကန်လေတပ်ရဲ့ အကျွမ်းကျင်ဆုံးလေယာဉ်မှူးတွေနဲ့ စီးချင်းထိုးပြီး အနိုင်ယူခဲ့တဲ့ AI

တိုက်လေယာဉ်စီးချင်းထိုးတဲ့ Combat Simulation စမ်းသပ်ပွဲမှာ အမေရိကန်ရဲ့ အကျွမ်းကျင်ဆုံး တိုက်လေယာဉ်မှူးတွေဟာ လူလုပ်သိဉာဏ်တု (Artificial Intelligent) တိုက်လေယာဉ်မှူးကို ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ Alpha လို့ခေါ်တဲ့ AI ဟာ ဒီပွဲမှာ နယ်စပ်ဖြတ်ကျော်ပြီး ပျံသန်းတိုက်ခိုက်လာတဲ့ ပုံစံပြုလုပ်ထားတဲ့ စိတ်ကူးယဉ်ပုံရိပ် လေယာဉ်နှစ်စင်းကို တိုက်လေယာဉ်လေးစင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခြင်းမရှိခဲ့ပါဘူး။

Alpha ကို အမေရိကန်တပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ပြီး လူသားတိုက်လေယာဉ်မှူးတွေကိုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒီတုပလုပ်ဆောင်ချက်အရ ဂျက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုမှာ နှစ်ဖက်စလုံးဟာ ထိထိရောက်ရောက်တိုက်နိုင်ခဲ့ပေမယ့် Alpha ရဲ့ အနီရောင်အသင်းက ပိုမိုထိရောက်တဲ့ ဇီဝိန်ချွေမှုတွေကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီတုပမောင်းနှင်မှုစမ်းသပ်ချက်မှာ ပါဝင်ခဲ့တဲ့ အမေရိကန်လေတပ်ရဲ့ ကာနယ်ဂျင်လီက “ဆန့်ကျင်တိုက်ခိုက်နိုင်မှု စွမ်းရည်တွေမှာ ကောင်းမွန်ရုံသာမကပဲ ပြိုင်ဘက်တွေကို ကြိုးရှည်ရှည်လှန်ပြီး ပွဲကို ဆွဲဆန့်ထားရာမှာလည်း ထိပ်တန်းပါပဲ” လို့ဆိုခဲ့ပါတယ်။

ai-beat-pro-pilots2

Ref: BBC

%d bloggers like this: