တကယ်လို့ သင့်အနေနဲ့ Android စမတ်ဖုန်တစ်လုံးကို Android 4.3 နဲ့အထက် ဗားရှင်းနဲ့ အလုပ်လုပ်နေတယ်ဆိုရင် သင်ဟာ ယခုအခါ Launcher အသစ်တစ်မျိုးကို ထပ်မံတပ်ဆင်နိုင်ပြီ ဖြစ်ပါတယ်။ သင်ဟာ ယခုအခါ Asus ရဲ့ ZenUI ကို ZenFone ဟန်းဆက်တွေနဲ့ တက်ဘလက်တွေမှာသာမက သင့်ရဲ့ Android ဖုန်းမှာပါ ရရှိနိုင်ပြီဖြစ်ပါတယ်။
ZenUI ကို Free Download အနေနဲ့ Google Playstore ကနေ ဒေါင်းလုဒ်ရယူနိုင်ပြီ ဖြစ်ပါတယ်။ ZenUI ဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။ သင့်အနေနဲ့ icon ဒီဇိုင်းတွေ၊ effects တွေ၊ ဖောင့်တွေ စတာတွေကို ပြောင်းလဲပြီး အသုံးပြုနိုင်မှာပါ။ ပြီးတော့ ကောင်းမွန်တာက ZenUI ဟာ ပေါ့ပါးသွက်လက်ပြီး ရိုးရိုးရှင်းရှင်း ဖြစ်ပါတယ်။ Google Now Launcher နဲ့ Nova Launcher တို့အပြီးမှာ ဒီ Launcher ဟာ အတော်လေးကို ကောင်းမွန်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။
တစ်ခုရှိတာက တကယ်လို့ ZenUI ကို Install လုပ်လိုက်ရင် UI မှာ ပါတဲ့ CM AppLock ဟာ သင့်ရဲ့ Apps တွေကို ကာကွယ်ဖို့အတွက် အမြဲတမ်း နားပူနားဆာလုပ်နေတာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အဲ့ဒီလိုမျိုး တိုက်တွန်းချက်တွေကို မနှစ်သက်ဘူးဆိုရင်တော့ သင်ကြိုက်မှာမဟုတ်ပါဘူး။ ဒါပါပဲ ကျန်တဲ့ ZenUI ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကိုတော့ သင့်အနေနဲ့ နှစ်သက်နိုင်လောက်ပါတယ်။ Google Playstore ရဲ့ Rating 5 မှာ 4.7 ထိရရှိထားတာကတော့ ဒီ UI ဘယ်လောက်အဆင်ပြေလဲဆိုတာရဲ့ သက်သေပါပဲ။
Ref: Phone Arena
You must log in to post a comment.