တောင်ကိုရီးယားမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Apple

အမေရိကန်နည်းပညာကုမ္ပဏီ Apple ဟာ တောင်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးယား မျှတစွာကုန်သွယ်မှု ကော်မရှင် (FTC) ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာရဲ့ အင်္ဂါနေ့တုန်းက သတင်းတစ်ရပ်အရ သိရပါတယ်။ ဘာအကြောင်းပြချက်နဲ့ စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတာကို FTC ကပြောကြားခဲ့ခြင်းမရှိပါဘူး။

စုံစမ်းစစ်ဆေးခဲ့ကြောင်းကိုတော့ FTC ဥက္ကဌ ဂျွန်ဂျေချန်းက အတည်ပြုခဲ့ပေမယ့် ဘာကြောင့်စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မှတ်ချက်ပေးဖို့အတွက် ငြင်းဆန်ခဲ့တာပါ။

အဓိကပြိုင်ဘက် Samsung နဲ့ ပတ်သက်ခြင်းရှိမရှိကိုတော့ သတင်းတွေက သေချာစွာ ဖော်ပြခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ပြုလုပ်မယ့် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခုအပေါ် ဥပဒေနဲ့ ငြိစွန်းခဲ့တာ ဖြစ်နိုင်တယ်လို့ ရိုက်တာကဆိုပါတယ်။

Apple ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ လည်း သိရပါတယ်။

Ref: Reuters, Techno Buffalo

%d bloggers like this: