Google Search မှာတင် မိမိအင်တာနက်လိုင်းမြန်နှုန်းကို စစ်ဆေးနိုင်တော့မည်

သိပ်မကြာခင်၊ Google မှာ ‘speed test’ လို့ ရိုက်ထည့်လိုက်တာနဲ့၊ ကိုယ်လက်ရှိသုံးနေတဲ့ အင်တာနက်လိုင်းရဲ့ မြန်နှုန်းကို သိရှိနိုင်တော့မှာဖြစ်ပါတယ်။

အရင်တုန်းကတော့ ကိုယ့်အင်တာနက်မြန်နှုန်းကို စစ်ချင်ရင် Ookla ကုမ္ပဏီကလွှင့်ထားတဲ့ speedtest.net မှာဖြစ်ဖြစ်၊ Netflix ကလုပ်ထားတဲ့ fast.com မှာဖြစ်ဖြစ်၊ ဝက်ဘ်ဆိုဒ်ထဲဝင်ပြီး စစ်ခဲ့ရပေမယ့်၊ နောက်ဆို Google မှာတင် စာရိုက်ထည့်လိုက်ရုံနဲ့ အင်တာနက်မြန်နှုန်းဘယ်လောက်ဆိုတာ တန်းပေါ်လာမှာဖြစ်ပါတယ်။

Google ဟာ Search result မှာတင် အင်တာနက်မြန်နှုန်းဖော်ပြပေးမယ့် tool တစ်ခုကို စမ်းသပ်လျက်ရှိကြောင်းကို Twiiter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Pete Meyers က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ tool အလုပ်လုပ်ပုံ အကြောင်းအသေးစိတ်ကို Google Support စာမျက်နှာတစ်ခုမှာလည်း ရှင်းပြထားတာတွေ့ရပါတယ်။

Google ဟာ အင်တာနက်မြန်နှုန်းစစ်ဆေးမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အင်တာနက်စွမ်းဆောင်ရည် လေ့လာရေးကုမ္ပဏီ Measurement Lab နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး၊ download/upload မြန်နှုန်း နဲ့ latency တို့ကိုပါ စစ်ဆေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Google ရဲ့ ယခု tool အမှန်တကယ်ထွက်လာတဲ့အခါ အသိပေးဖော်ပြသွားမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Ref: The Verge

%d bloggers like this: