မြန်မာငွေရှစ်သောင်းခန့်နဲ့ ထွက်ရှိလာတဲ့ Intex Aqua Classic စမတ်ဖုန်း

မြန်မာနိုင်ငံမှာလည်း ဝင်ရောက်နေပြီဖြစ်တဲ့ အိန္ဒိယစမတ်ဖုန်းကုမ္ပဏီ Intex ရဲ့ တန်ဖိုးနည်းဖုန်း မော်ဒယ်အသစ် ထွက်ရှိလာပါပြီ။

Intex Aqua Classic လို့ အမည်ပေးထားတဲ့ ယခုစမတ်ဖုန်းဟာ ဈေးနှုန်းအားဖြင့် ရူပီး ၄၄၄၄ (မြန်မာငွေ ၇၇,၀၀၀ ခန့်) သာရှိပြီး ရှန်ပိန်ရောင်၊ မီးခိုးရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်သုံးမျိုးရရှိမှာပါ။

တန်ဖိုးနည်းဖုန်းဆိုပေမယ့်၊ သုံးထားတဲ့ပစ္စည်းတွေက မဆိုးဘူးလို့ ပြောရမှာဖြစ်ပြီး၊ SIM နှစ်ကတ်ထိုး ဖုန်းဖြစ်ပါတယ်။

ငါးလက်မအရွယ် FWVGA မျက်နှာပြင်ပါရှိပြီး၊ resolution က 480×854 pixel ဖြစ်ပါတယ်။ ရုပ်ထွက်အကောင်းကြီး မဟုတ်ပေမယ့်၊ ကြည်လင်ပြတ်သားမှုတော့ရှိပါတယ်။ Corning Gorilla Glass မှန်သားပြင်နဲ့ အုပ်ထားတာကြောင့်၊ အစွန်းအထင်းခြစ်ရာတွေထင်မှာ စိတ်မပူရပါဘူး။

1.2GHz quad-core Spreadtrum ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM က 1GB ပါရှိပါတယ်။ ဖုန်းတွင်းသိမ်းဆည်းနိုင်မှုအနေနဲ့ 8GB ပါရှိပြီး၊ mciroSD ကတ်လည်း 32 GB အထိ ထပ်စိုက်နိုင်တာကြောင့်၊ ဖုန်းထဲမှာ သီချင်းနဲ့ဗီဒီယိုတွေ စိတ်ကြိုက်သိမ်းထားနိုင်မှာပါ။

ကင်မရာမှာတော့ 5-megapxiel ကျောကင်မရာပါဝင်ပြီး၊ LED ဖလက်ရှ်မီးပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 0.3 megapixel ပဲရှိတာကြောင့် ရှေ့ကင်မရာနဲ့ရိုက်ရင် သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။ ဘက်ထရီအနေနဲ့ 2100mAh ဘက်ထရီပါဝင်ပြီး၊ ဆက်တိုက်ဖုန်းပြောချိန် ၆ နာရီခံကာ၊ ဒီတိုင်းထားမယ်ဆိုရင် နာရီပေါင်း ၂၁၀ အထိခံတယ်လို့ သိရပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ GPRS/EDGE ၊ 3G ၊ GPS ၊ Bluetooth နဲ့ Wi-Fi တို့ ပါဝင်ပါတယ်။ Android ဗားရှင်းကတော့ 5.1 Lollipop ပါ။

Intex Aqua Classic ဖုန်းကို ဝယ်ယူတဲ့အခါ၊ 360 security ၊ OLX ၊ Freecharge ၊ Opera mini စတဲ့ ဆော့ဖ်ဝဲတွေ တပါတည်းပါဝင်လာမှာပါ။

လက်ရှိမြန်မာနိုင်ငံဈေးကွက်ကို မဝင်ရောက်သေးဘဲ၊ အိန္ဒိယမှာတော့ မကြာခင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Ref: Gadgets 360

 

 

%d bloggers like this: