လာမယ့်ဇူလိုင်လမှာ ထုတ်လုပ်မယ့် Asus ရဲ့တန်ဖိုးသင့်စွမ်းဆောင်ရည်မြှင့် ZenFone 3 မော်ဒယ်သုံးမျိုး

ပြီးခဲ့တဲ့လကုန်ပိုင်းက Asus ဟာ အဓိကစမတ်ဖုန်း မော်ဒယ်အသစ် သုံးမျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဲ့ဒါတွေကတော့ “ZenFone 3”, “ZenFone 3 Deluxe” နဲ့ “ZenFone 3 Ultra” တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၂၄၉ ကနေစတင်လို့ တန်ဖိုးသင့်လျှော်တယ်လို့ ဆိုခဲ့ကြတဲ့ ဒီဖုန်းတွေဟာ ယခုတော့ စတင်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဖုန်းတွေကို လာမယ့် ဇူလိုင်လ ၁၂ရက်နေ့မှာ ထိုင်ဝမ်နိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ ထိုင်ဝမ်နည်းပညာဝက်ဘ်ဆိုက် ePrice ကနေသိရပါတယ်။ ဒါကို Asus အနေနဲ့ တရားဝင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Asus အနေနဲ့ သာမန် ZenFone 3 ကို အဓိက Mainstream ဖုန်းအမျိုးအစားအနေနဲ့ ခိုင်မာတဲ့ဒီဇိုင်း၊ နည်းပါးတဲ့ဈေးနှုန်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး ZenFone 3 Deluxe ကတော့ မြင့်မားတဲ့စွမ်းဆောင်ရည် ကောင်းမွန်တဲ့အရည်အသွေးနဲ့ ဖုန်းအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။ ZenFone 3 Ultra ကတော့ ပိုမိုကြီးမားတဲ့ မျက်နှာပြင်နဲ့ ဖျော်ဖြေရေးဆန်ဆန်ပြုလုပ်ထားခဲ့ပါတယ်။ မော်ဒယ်သုံးမျိုးစလုံးဟာ ယခင်က ထုတ်လုပ်ခဲ့တဲ့ ပလက်စတစ် ZenFone 2 ထက်တော့ တော်တော်ကြီးကိုကောင်းမွန်လာတာကို တွေ့ရပါတယ်။

asus-zenfone3-4

ဖုန်းတွေအားလုံးကို Android 6.0 Marshmallow ဗားရှင်းနဲ့ အလုပ်လုပ်မှာဖြစ်ပြီး Asus ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ ZenUI ကိုထည့်သွင်းထားပါတယ်။ အရင်နှစ်က ထုတ်လုပ်ခဲ့တဲ့ ZenFone 2 ထက်သာသွားတာတွေကတော့ Fingerprint Scanner ကိုထည့်သွင်းပေးထားပြီး Intel ရဲ Qualcomm Processor ကိုအသုံးပြုထားပါတယ်။ နောက်ထပ် အသိအမှတ်ပြုရမဲ့ အချက်တစ်ချက်ကတော့ Asus ရဲ့ ZenFone စမတ်ဖုန်းတွေဟာ ပရီမီယံပစ္စည်းတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ Gorilla Glass ဖန်မျက်နှာပြင်ကို ZenFone 3 မှာ အသုံးပြုထားပြီး ကျန်တဲ့နှစ်မျိုးကိုတော့ အလျူမီနီယံ သတ္တုကိုအသုံးပြုထုတ်လုပ်ထားတာပါ။

ဈေးနှုန်းတွေကလည်း သင့်လျော်တယ်လို့ ဆိုနိုင်ပြီး ZenFone 3 ကို ဒေါ်လာ ၂၄၉၊ ZenFone 3 Ultra နဲ့ ZenFone 3 Deluxe နှစ်မျိုးစလံးကတော့ ဒေါ်လာ ၄၇၉ ကနေ ဒေါ်လာ ၄၉၉ အသီးသီးရှိမှာပါ။ မြန်မာနိုင်ငံကို ရောက်ရှိမယ့် နေ့ရက်နဲ့ ဈေးနှုန်းအသေးစိတ်မသိရှိရသေးပေမယ့် နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိပြီး မကြာမှီရောက်ရှိလာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။ ဒီအောက်ဇယားကတော့ ZenFone 3, 3 Deluxe နဲ့ 3 Ultra တို့မှာ ပါဝင်မယ့် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

asus-zenfone3-specs

Ref: Phone Arena, The Verge

%d bloggers like this: