ပေါက်ကြားလာခဲ့တဲ့ Samsung Galaxy S7 edge ၂၀၁၆ ရီယို အိုလံပစ်ဗားရှင်း စမတ်ဖုန်း

Samsung ရဲ့ Galaxy S7 edge Olympic Edition ဖုန်းအတွက် ပုံရိပ်တွေထွက်ရှိလာခဲ့ပါတယ်။ ဒီဇိုင်းအနေနဲ့ ဒီပစ္စည်းဟာ Olympic Logo ကို ကျောဘက်မှာခတ်နှိပ်ထားခဲ့ပြီး ကင်မရာ၊ LED မီးသီးနဲ့ Fingerprint ဆင်ဆာ၊ ဖုန်းစပီကာ တစ်ဝိုက်မှာ အရောင်လေးတွေ ထပ်မံဖြည့်သွင်းထားခဲ့တာပါ။

သတင်းတွေကအနေနဲ့ Samsung က Galaxy S7 edge ကို Olympic Edition အနေနဲ့ ထုတ်လုပ်မယ်ဆိုတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယခုတော့ ပုံရိပ်တွေကိုပါ ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဖုန်းအနေနဲ့ သာမန် Galaxy S7 ဖုန်းလိုပဲ ထူးထူးခြားခြားမရှိပေမယ့်  အရောင်တွေကို ထူးထူးခြားခြား စုံလင်အောင် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အရှေ့ဘက်ဖုန်းနားထောင်တဲ့ စပီကာနဲ့ Fingerprint ဆင်ဆာ နားမှာ ရွှေအိုရောင်အရောင်နဲ့၊ ကျောဘက် ကင်မရာ၊ LED မီးသီးတစ်ဝိုက်မှာတော့ အပြာရောင်အရောင်ကိုထည့်သွင်းထားပါတယ်။

အဲ့ဒီအပြင် သေချာကြည့်မယ်ဆိုရင် သင့်အနေနဲ့ ဘေးနားကခလုတ်တွေမှာလည်း အရောင်တွေထပ်မံ ဖြည့်သွင်းထားပါသေးတယ်။ ဖွင့်ပိတ်ခလုတ်မှာ အနီရောင်ရင့်ရင့်နဲ့ အသံတိုးလျှော့ခလုတ်တို့မှာ အစိမ်းရောင် တောက်တောက်ကို ဖြည့်သွင်းထားလို့ အိုလံပစ်ကွင်း ငါးကွင်းရဲ့ ကိုယ်စားပြုအရောင်တွေကို ထည့်သွင်းထားတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတစ်ဖက်မှာလည်း Galaxy S7 edge ရဲ့ Olympic Edition မှာ နဂိုမူရင်းအတိုင်း လုပ်ဆောင်ချက်တွေ အပြောင်းအလဲမရှိနိုင်ပေမယ့် SamMobile ကထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ပစ္စည်းမှာ Rio 2016 Olympic အတွက်သီးသန်း App တချို့လည်းပါဝင်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Samsung Galaxy S7 edge Olympic Edition ကို တရားဝင် ထုတ်ဖော်မယ် ဆိုတာတော့ မသေချာသေးပေမယ့် သတင်းတွေအရတော့ Samsung ရဲ့ နောက်ထပ်အဓိက စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Galaxy Note 7 ကြေညာမယ့် သြဂုတ်လလောက်ကျရင် ပြသနိုင်ခြေရှိတယ်လို့ ဆိုကြပါတယ်။

Ref: Techno Buffalo

%d bloggers like this: