0 Shares 75 Views

နာမည်ကျော် GTA ဂိမ်းတွေကို ဦးဆောင်ရေးဆွဲခဲ့သူ ကုမ္ပဏီကနေ နှုတ်ထွက်

grandtheftauto5-pc

နာမည်ကျော်ဗီဒီယိုဂိမ်း Grand Theft Auto (GTA) စီးရီးတွေ ရေးဆွဲရာမှာ ဦးဆောင်တာဝန်ယူခဲ့သူ၊ Rockstar North စတူဒီယိုရဲ့ အကြီးအကဲ၊ Leslie Benzies ဟာ ကုမ္ပဏီကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။

Leslie Benzies ဟာ GTA စီးရီးရဲ့ နာမည်ကျော်ဂိမ်းတွေဖြစ်တဲ့ GTA 3 ၊ Grand Theft Auto: Vice City နဲ့ Grand Theft Auto: San Andreas ၊ GTA V စတဲ့ ဂိမ်းတွေမှာ ပရိုဂျူဆာ၊ developer အဖွဲ့ ခေါင်းဆောင်အဖြစ် တ၀န်ယူခဲ့သူဖြစ်ပါတယ်။

Leslie Benzies ဟာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ထဲက ခွင့်ရှည်ယူထားခဲ့ရာကနေ အလုပ် ပြန်မ၀င်တော့တာဖြစ်တယ်လို့ သိရပါတယ်။

“ Leslie ဟာ ကုမ္ပဏီအတွက် အရမ်းတော်တဲ့အဖွဲ့ တစ်ဖွဲ့ ကို ကူညီဖွဲ့ စည်းပေးသွားခဲ့ပါတယ်။ သူဖွဲ့ စည်းပေးခဲ့တဲ့အဖွဲ့ ဟာ ကျွန်တော်တို့ ကုမ္ပဏီကထုတ်လုပ်တဲ့ဂိမ်းတွေရဲ့ပရိတ်သတ်တွေကို ထူးခြားတဲ့ အတွေ့ အကြုံတွေ ဆက်လက်ပေးစွမ်းသွားဦးမှာပါ”

“Leslie ဟာ ကုမ္ပဏီအတွက် ထာဝရမိတ်ဆွေကောင်း တစ်ယောက်ဖြစ်ပြီး သူ့ ကို ကျွန်တော်တို့ လွမ်းနေတော့မှာပါ။ အနာဂတ်မှာ သူပျော်ရွှင်ဖို့ ကျွန်တော်တို့  ဆုတောင်းပေးလိုက်ပါတယ်” လို့ Rockstar Games ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ သတင်းမှာ ရေးသားထားပါတယ်။

Rockstar Games ဟာ နယူးယောက်အခြေစိုက်ဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်လွှားမှာ စတူဒီယိုအများအပြားရှိပါတယ်။ GTA ဂိမ်းတွေကို ရေးဆွဲပေးခဲ့တဲ့ Rockstar North စတူဒီယိုဟာ စကော့တလန်နိုင်ငံမှာ တည်ရှိပြီး DMA Design အမည်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

Ref: Gadgets360

 

 

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category