Facebook က 2015’s Year in Review လုပ်ဆောင်ချက်ကို ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်ထား

Dec 17, 2015
0 2

facebook_year_review_official_21

 

Facebook ဟာ ၂၀၁၅ ခုနှစ် ကိုပြန်လည်သုံးသပ်တဲ့ 2015’s Year in Review ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ထိုလုပ်ဆောင်ချက်ဟာ Facebook user တွေကို တစ်နှစ်တာအတွင်း လူမှု ကွန်ယက် မှာ ပြုလုပ်ခဲ့တဲ့ အကောင်းဆုံး အမှတ်တရတွေကို ပြန်လည် စုစည်းပေးပြီး သူငယ်ချင်းတွေနဲ့ ဝေမျှခြင်း ပြု/မပြုကိုလည်း ရွေးချယ်ခွင့်ပေးထားပါတယ်။

မနှစ်ကနဲ့ မတူတော့တာကတော့ ဒီ Review လုပ်ဆောင်ချက်မှာ မကောင်းတဲ့ အမှတ်တရ တွေကို ကြိုတင် ကာကွယ်တဲ့ Filter တစ်ခုထည့်သွင်းထားတာကိုတွေ့ ရပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကတော့ ကုမ္မဏီ ရဲ့  Alogorithm ဟာ ကောင်းတဲ့ အမှတ်တရ နဲ့ မကောင်းတဲ့ အမှတ်တရတွေကို ခွဲခြားပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက် 2015’s Year in Review လုပ်ဆောင်ချက်မှာတော့ ကြိုငတ်ကာကွယ်မှုကို ဘယ်လို ထည့်သွင်းထားလဲဆိုတော့ Facebook ရဲ့  On This Day လုပ်ဆောင်ချက်မှာ မိမိ မမြင်လိုတဲ့ အဆက်ဟောင်း (သို့) ရန်သူဖြစ်သွားတဲ့ မိတ်ဆွေဟောင်း တို့ရဲ့ နာမည်တွေကို ထည့်သွင်းပေးထားရင် ထို ပုဂ္ဂိုလ်တွေရဲ့  အကောင့်ကို Tag လုပ်ထားတဲ့ ဓါတ်ပုံတွေ ၊ သူတို့က Tag လုပ်ထားတဲ့ ဓါတ်ပုံတွေကို အလိုလျောက် ဖယ်ရှားပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက်ကို ပြုလုပ်လိုက်ရင်တော့ Facbook ဟာ မလိုအပ်တဲ့ ဓါတ်ပုံတွေကို အလိုလျောက် ဖယ်ရှားပေးပြီး အကယ်၍ Algorithm က ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့ရင်လည်း မိမိဘာသာ Manually ဖယ်ရှားနိုင်မယ်လို့လည်း သိရပါတယ်။ဒီလုပ်ဆောင်ချက်ကတော့ တစ်နှစ်တာအတွင်း အကောင်းဆုံး အမှတ်တရ ဓါတ်ပုံ ၁၀ ပုံကို ဒေါင်လိုက်အနေအထားနဲ့ ပြသပေးတာပဲ ဖြစ်ပါတယ်။

Facebook ဟာ သင့်ရဲ့ ရည်းစားဟောင်း ၊ ကွယ်လွန်သွားတဲ့ မိသားစု ၀င်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို မပြသနိုင်အောင်လပေါင်းများစွာ အချိန်ယူပြီး ကြိုတင်ကာကွယ်မှု ပေါင်းများစွာ ကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

Ref : Gadgets 360

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category