0 Shares 72 Views

YouTube ရဲ့ Mobile App ကနေ Live Video တွေ လွှင့်နိုင်တော့မည်

ကျွန်တော်တို့တွေ YouTube App ကနေ တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ရည်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် Facebook က တိုက်ရိုက်ထုတ်လွှင့်တဲ့လုပ်ဆောင်ချက် ထည့်သွင်းခဲ့သည့်တိုင်အောင် YouTube ကဒီလုပ်ဆောင်ချက်က ဖြစ်မလာခဲ့ပါဘူး။ အခုတော့ YouTube ဟာ ဒီလုပ်ဆောင်ချက်ကို iOS နဲ့ Android ပလက်ဖောင်းတွေက App မှာ ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က YouTube ဟာ သူတိုရဲ့ Twitter စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင်တဲ့ လုပ်ဆောင်ချက်ကို စတင်ရရှိနိုင်ပြီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ မကြာမီအချိန်အတောအတွင်းမှာ ဘယ်သူမဆို Live Stream ဗီဒီယိုတွေကို ကိုယ့်ရဲ့ YouTube Channel တွေမှာ အကန့်အသတ်မရှိ လွှင့်ခွင့်ရနိုင်တော့မှာပါ။

ဒါပေမယ့် YouTube ဟာ Facebook အနေနဲ့ ဒီလိုမျိုးလုပ်ဆောင်ချက် မပြုလုပ်ခင်ကတည်းက အရင်ဆုံးလုပ်ခဲ့သင့်ပါလျက် Facebook ထက်နောက်ကျသွားတာကတော့ နည်းနည်းအံ့အားသင့်ဖွယ်ကောင်းနေပါတယ်။ သင့်အနေနဲ့ Live Stream လုပ်ဆောင်ချက်ကို YouTube မှာရရှိဖို့အတွက် အလွန်လွယ်ကူပြီး အသုံးပြုသူတွေအနေနဲ့ “အနီရောင် Capture ခလုတ်” ကိုနှိပ်လိုက်ရုံပဲဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို YouTube ရဲ့ ဗားရှင်းအသစ်ကနေစတင်ရရှိနိုင်ပြီဖြစ်ပါတယ်။

Ref: 9to5 Googel, Engadget

 

 

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares87 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
5 shares111 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares98 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Leave a Comment

Most from this category