0 Shares 33 Views

Hoverboard တွေ မီးလောင်ကျွမ်းခြင်းမှ ကာကွယ်နိုင်မည့် ဘက်ထရီ နည်းပညာသစ်ကို တွေ့ရှိ

Jan 14, 2016
0 33

li_ion_battery_nature

 

တစ်ခါတစ်ရံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ၊ တစ်ခါတစ်ရံမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်တတ်ခြင်းတို့ကြောင့် ကမ္ဘာ့ရေပန်းအစားဆုံး gadget တစ်မျိုးဖြစ်တဲ့ Hoverboard တွေဟာ ဒီအားလပ်ရက်တွေမှာ ရောင်းအားတွေကျလာခဲ့ပါတယ်။ အခုတော့ Hoverboard တွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ စတန်းဖို့ဒ်တက္ကသိုလ်က သုတေသီတွေဟာ ဘက်ထရီ နည်းပညာ အသစ်တစ်မျိုး ကို ဖန်တီးလိုက်ပါတယ်။

Hoverboard တွေ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းကတော့ လောင်ကျွမ်းမှုနှုန်းမြင့်မားစေတဲ့ ကုန်ကြမ်းတွေထည့်သွင်းထားတဲ့ လီသီယမ်-အိုင်းယွန်း ဘက်ထရီတွေကြောင့်ပါ။ အပူရှိန်လွန်ကဲလာတဲ့အချိန်မှာ တစ်ခုခု အဆင်မပြေတာတွေဖြစ်လာစေခဲ့တာပါ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စမတ်ဖုန်းတွေမှာ ကြုံခဲ့ရတဲ့ ပြဿနာ တစ်ခုလည်း ဖြစ်ပါတယ်။

အခု စတန်းဖို့ဒ် တက္ကသိုလ်က ဖန်တီးတီထွင်လိုက်တဲ့ ဘက်ထရီ နည်းပညာ သစ်ကတော့ လီသီယမ်-အိုင်းယွန်း ဘက်ထရီတွေကို အပူရှိန်လွန်ကဲလာတဲ့အခါမှာ အလိုလျောက် ပိတ်ပေးပြီး လုံလောက်စွာ အေးသွားတဲ့အခါမှာမှ ပြန်လည် အသုံးပြုခွင့်ပေးမယ့် နည်းပညာ ပဲဖြစ်ပါတယ်။ ထို နည်းပညာကို ဖန်တီးနိုင်ဖို့အတွက်တော့ နာနိုနည်းပညာ တစ်မျိုးကို အသုံးပြုခဲ့ကြပါတယ်။ နာနိုနည်းပညာ အရတော့ နီကယ်သတ္တုအမှုန်တွေကို ကာဗွန်လွှာတွေမှာ ဖုံးအုပ်ထားပြီး ပါးလွှာတဲ့ ပလတ်စတစ် ဖလင်သား ပေးမှာ ချိတ်တွဲထားပြီး ဘက်ထရီမှာ တပ်ဆင်ပေးလိုက်တာပဲဖြစ်ပါတယ်။

“ငါတို့ဟာ ပိုလီသိုင်လင်း ဖလင်ပြားတွေကို ဘက်ထရီရဲ့ လျှပ်တိုင် တစ်ခုမှာ ချိတ်တွဲလိုက်တဲ့အတွက် လျှပ်စစ်စီးကြောင်းဟာ ဖလင်ပြားကို ဖြတ်သန်းငွားရပါတယ်။ လျှပ်စစ် စီးဖို့အတွက်တော့ ပါတီကယ်လ်အမှုန်တွေဟာ တစ်ခုကိုတစ်ခု ထိတွေ့မှုဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် အပူရှိန် လွန်ကဲလာတဲ့အနေအထားမှာ ပိုလီသိုင်လင်း ဖလင်ပြားတွေဟာ နှိုးဆွပေးလိုက်ပါတယ်။ ဒါကြောင့် ပါတီကယ်လ်တွေဟာ တစ်နေရာစီ ပြန့်ကျဲသွားပြီး ဘက်ထရီရဲ့ လျှပ်စီးဟာ ဖလင်ကို ဖြတ်သန်းသွားခြင်း မရှိတော့တဲ့အတွက် စွမ်းအင် ရရှိမှု ရပ်နားသွားစေခဲ့ပါတယ်။” လို့ ထိုသုတေသနကို ဦးဆောင်ခဲ့သူ Zheng Chen က ဆိုပါတယ်။

“ငါတို့ဟာ ပါတီကယ်လ် အရေအတွက် ဘယ်လောက်ကိုထည့်သွင်းထားတယ် ၊ ဘယ်လို ပိုလီမာ ကုန်ကြမ်းတွေကို အသုံးပြုမယ်ဆိုတာပေါ်မူတည်ပြီး သတ်မှတ်အပူချိန်ကိုလည်း ချိန်ညှိုနိုင်ပါတယ်။ ဥပမာ ငါတို့ဟာ ၁၂၂ ဒီဂရီ ဖာရင်ဟိုက် အပူချိန်မှာ လျှပ်စစ်စီးဆင်းမှု ကို ရပ်နားစေချင်တယ်ဆိုလည်း သတ်မှတ်လို့ရနိုင်ပါတယ်” လို့ ထိုသုတေသနမှာပါဝင်ခဲ့တဲ့ Zhenan Bao က ဆိုပါတယ်။

လက်ရှိမှာတော့ ထိုနည်းပညာဟာ စီးပွားဖြစ် ထုတ်လုပ်လိုက်ခြင်းတော့မရှိသေးပါဘူး။ ဒီသုတေသနကိုတော့ Nature Energy ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Ref : CNet

You may be interested

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Samsung ရဲ့ Gaming Phone လာမည်
Android, HUBS, Mobiles & Tablets
0 shares8 views

Samsung ရဲ့ Gaming Phone လာမည်

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ I Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။…

Leave a Comment

Most from this category