0 Shares 76 Views

Nexus 5X ရဲ့ ဈေးနှုန်းကို Google လျှော့ချ

Jan 14, 2016
0 76

Google-Nexus-5X-discount-01

Google ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးကို ပိုက်ဆံများများမသုံးဘဲကိုင်ချင်ပါသလား။ ဒါဆိုရင်တော့ အခုပဲ Nexus 5X ဖုန်းကို ရွေးချယ်လိုက်ပါ။

အင်တာနက်ရှာဖွေရေးကုမ္ပဏီ Google ဟာ ယနေ့ မှာပဲ LG ကုမ္ပဏီထုတ်လုပ်ပေးထားတဲ့ Nexus 5X ရဲ့ ဈေးနှုန်းကို လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။

ဒေါ်လာ ၃၀ လျှော့ပေးလိုက်တာကြောင့် ပထမ ပေါက်ဈေး ၃၇၉ ဒေါ်လာရှိခဲ့တဲ့ Nexus 5X 16GB ဖုန်းကို ယခုအခါ ၃၄၉ ဒေါ်လာ (မြန်မာငွေ လေးသိန်းခွဲခန့် ) နဲ့  ၄၂၀ ဒေါ်လာရှိခဲ့တဲ့ 32GB မော်ဒယ်ဖုန်းကို ယခုအခါ ၃၉၉ ဒေါ်လာ (မြန်မာငွေ ငါးသိန်းတစ်သောင်းခန့် ) နဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

LG ကုမ္ပဏီက ထုတ်လုပ်ပေးထားတဲ့ Nexus 5X စမတ်ဖုန်းဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Nexus 5 ရဲ့ နောက်မျိုးဆက်အသစ်ပါ။ စွမ်းဆောင်ရည်အမြင့်စားကြီးမဟုတ်ပေမယ့်၊ လက်ဗွေရာစနစ် ပါဝင်သလို၊ 12.3 megapixel ရှိတဲ့ ကျောဘက်ကင်မရာလည်း ပါရှိပါတယ်။ 4K resolution ရှိတဲ့ဗီဒီယိုတွေကို ရိုက်ကူးနိုင်သလို အလိုအလျောက်လေဆာချိန်ညှိမှုစနစ်ပါဝင်တာကြောင့် လက်တုန်တတ်တဲ့လူတွေအတွက် အဆင်ပြေပြေရိုက်ကူးနိုင်မယ့်ဖုန်းတစ်လုံးပါ။ နောက်ထပ်ကောင်းမွန်တာတစ်ခုကတော့ နောက်ဆုံးထွက် Android Marshmallow ကို အသုံးပြုထားတာကြောင့် ပေးရတဲ့ဈေးနဲ့ တန်တဲ့ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Huawei က ထုတ်လုပ်ပေးထားတဲ့ Nexus 6P ဖုန်းကတော့ အခုထက်ထိ ၄၉၉ ဒေါ်လာကနေ မကျသေးတာကို တွေ့ ရပါတယ်။

Ref: phonearena

 

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category