0 Shares 14 Views

FIFA 17 တွင် Lional Messi ၏ကာဗာကိုသုံးနိုင်ဖွယ်မရှိတော့

FIFA16

အာဂျင်တီးနားတိုက်စစ်မှူး Lional Messi ကို FIFA Series ဂိမ်းတွေမှာ ၂၀၁၃ခုနှစ်ကတည်းက ကာဗာအဖြစ်သုံးလာတာ ဒီ၂၀၁၆ခုနှစ်ဟာ နောက်ဆုံးဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒီဘာစီလိုနာစတား ဟာ EA Sports နဲ့ သူ့ရဲ့ပုံကိုအသုံးပြုဖို့ကို သဘောတူညီချက်တစ်စုံတစ်ရာ မထုတ်ပြန်တော့လို့ပဲဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ L’Equipe ရဲ့ဖော်ပြချက်အရ ကာဗာအတွက် Messi အနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့တံခါးဖွင့်ထားပေမယ့် ကုမ္ပဏီအနေနဲ့ ထပ်မံရွေးချယ်ခြင်းမရှိတော့တာ ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ ဘာကာအသင်းဖော် Neymer နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး Cristiano Ronaldo တို့ကတော့ PES ဂိမ်းစီးရီးအတွက် Konami ကုမ္ပဏီ နဲ့စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းတွေအရတော့ မက်ဆီရဲ့ ကာဗာနေရာမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်စတား James Rodriguez နဲ့အစားထိုးဖွယ်ရှိနေတာ ဖြစ်ပါတယ်။ Rodriguez ဟာ ပြီးခဲ့တဲ့ အသင်းမန်နေဂျာ Rafa Benitez လက်အောက်မှာ နေရာပျောက်ပြီး အောင်မြင်မှုအရှိန်အ၀ါလျော့ကျခဲ့ပေမယ့် မန်နေဂျာအသစ် Zidane လက်အောက်မှာတော့ အောင်မြင်မှုတွေကို ပြန်လည်တွေ့မြင်ရဖို့အခွင့်အလမ်း များနေခဲ့တာပါ။

အခုတော့ FIFA 16 ဂိမ်းကာဗာမှာ မက်ဆီနဲ့အတူ၊ လီဗာပူးအသင်းခေါင်းဆောင် Jordan Henderson နဲ့အတူ ပါဝင်နေပြီး လက်ရှိအချိန်အထိ ကော်ပီပေါင်း ၂.၅သန်းအထိရောင်းခဲ့ရပြီး ၂၀၁၅ခုနှစ်က စံချိန်တင်ခဲ့တဲ့ ရောင်းအားကို ချိုးဖျက်ဖို့ရည်ရွယ်ထားပါတယ်။

Ref: Independent

You may be interested

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ

Ko Thuya - Oct 19, 2017

iPhone X ရောင်းချမယ့် နိုဝင်ဘာလ မတိုင်ခင်မှာ iPhone 7 ဟာ iPhone 8 ထက် ပိုမိုရောင်းကောင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ အမေရိကန် Carrier Store များရဲ့ ရောင်းအားကို အခြေပြု၍ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်။…

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်
NEWS, Tech Update
88 shares14 views

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်

Ko Thuya - Oct 19, 2017

ကမ္ဘာ့နိုင်ငံတွေဟာ လျှပ်စစ်စွမ်းအင်ကိုအပြည့်အဝအသုံးချနိုင်စေဖို့၊ လျှပ်စစ်မရရှိတဲ့နေရာတွေမှာ အစားထိုးစွမ်း အင်တွေရရှိအောင် ပြလုပ်ပေးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။ ယခုလည်း စကော့တလန် နိုင်ငံဟာ လေဒဟတ်စီမံကိန်းကို တခုကိုစတင်လိုက်ပါတယ်။ သူတို့ရဲ့လေဒဟတ်စီမံကိန်းနေရာဟာ လွင်ပြင် နဲ့တောင်ပေါ်မှာမဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ပြင်မှာ ပေါလောပေါ်နေတဲ့ လေဒဟတ်တွေကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတော့တလန်နိုင်ငံမှာရှိတဲ့ အယ်ဘာဒီရှိုင်းယားရဲ့ကမ်းလွန်…

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
142 shares26 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

Leave a Comment

Most from this category