0 Shares 85 Views

Oppo က Selfie ကင်မရာ အထူး ကောင်းမွန်တဲ့ Oppo F1 ကို ထုတ်လုပ်

 

oppo_f1_thegioididong1

ကင်မရာ အသားပေး စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်လေ့ရှိတဲ့ Oppo ဟာ လာမယ့် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာလည်း Oppo F1 ဆိုတဲ့ ကင်မရာ အသားပေး စမတ်ဖုန်းတစ်လုံးကို ထပ်မံ ထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။

Oppo F1 ဟန်းဆက်ကိုတော့ Oppo က CES 2016 ပွဲတော်မှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး ဈေးနှုန်းကတော့ ၃ သိန်း ၈ သောင်း ကျပ် ၀န်းကျင်ခန့် ကျသင့်မှာဖြစ်ပြီး လက်ရှိမှာတော့ ကြိုတင်အော်ဒါမှာယူလို့ရနိုင်ပြီလို့ သိရပါတယ်။

Micro SIm နဲ့ Nano SIM တွဲဖက်သုံးရတဲ့ Dual-SIM အမျိုးအစား Oppo F1 ဟာ Android 5.1 Lollipop စနစ်မှာ အခြေခံထားတဲ့ ColorOS 2.1 ကို တပ်ဆင်ပေးထားပြီး အလူမီနီယံ နဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည်ဟာ ၇.၂၅ မီလီမီတာ သာ အထူရှိတဲ့အတွက် တော်တော်လေးပါးလွှားတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ၅ လက်မ ကျယ်ဝန်းတဲ့ HD မျက်နှာပြင်ဟာ 720×1280 Pixels ကြည်လင်ပြတ်သားမှု ကို ပြသနိုင်ပါတယ်။ IPS Display ကို 2.5D Gorilla Glass 4 နဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ Octa-Core Qualcomm Snapdragon 616 processor တစ်ခုကို 1.7GHz မှာ မောင်းနှင်စေပြီး Adreno 405 GPU နဲ့ 3GB RAM တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ကင်မရာ ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Oppo F1 ဟာ အနောက်ကင်မရာကို 13 Megapixel ရှိပြီး f/2.2 aperture စွမ်းဆောင်ရည်ရှိတဲ့ ကင်မရာ ကို LED Flash နဲ့အတူ ထည့်သွင်းထားပါတယ်။ အရှေ့ ဆယ်လ်ဖီ ကင်မရာကတော့ 8 Megapixel အထိရှိပြီး ပိုမိုကျယ်ပြန့်တဲ့ f/2.0 apertureကို ထည့်သွင်းပေးထားသလို Beautify 3.0 ၊ 8 live colour filters စတဲ့ ဆော့ဖ်ဝဲတွေကိုလည်း ထည့်သွင်းထားတာကြောင့် ဆယ်လ်ဖီကင်မရာရဲ့  လုပ်ဆောင်ချက်တွေဟာ အရမ်းကို ကောင်းမွန်လွန်းနေပါတယ်။ ဒါ့အပြင် အလင်းနည်းတဲ့ ပတ်ဝန်းကျင် အနေအထားမှာလည်း ကင်မရာရဲ့ Flash အလင်းရောင်ကို ၂ ဆ အထိ တောက်ပလာစေနိုင်ပါတယ်။

CES ပွဲတော်မှာတုန်းကကြေညာချက်အရ Oppo ဟာ F စီးရီး စမတ်ဖုန်းတွေကို ဓါတ်ပုံပိုင်းဆိုင်ရာမှာ ကောင်းမွန်ဖို့အတွက် ဦးစားပေးထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref : Gadgets 360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category