ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ A37 တန်ဖိုးနည်းစမတ်ဖုန်းအသစ်ကို Oppo မိတ်ဆက်

Jun 21, 2016
0 1

Oppo ဟာ တန်ဖိုးနည်းစမတ်ဖုန်းစီးရီးဖြစ်တဲ့ A စီးရီးမော်ဒယ်အသစ်  A37 ကို တနင်္လာနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့ပါတယ်။

ဒီဖုန်းဟာ ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကင်မရာဦးစားပေးစမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ ဆော့ဖ်ဝဲပိုင်းအထူးပြုလုပ်ထားမှုကြောင့် အံ့မခန်းဖွယ်ရာဓာတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ Oppo က ဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။

ကင်မရာဟာ့ဒ်ဝဲကနေစပြောရမယ်ဆိုရင်၊ ဖုန်းကျောဘက်မှာ pixel အရွယ်အစား 1.4 μm (မိုက်ခရိုမီတာ) ရှိတဲ့ 8-megapixel ဆန်ဆာပါဝင်ပြီး၊ resolution က ယခုနာမည်ကျော်ဖုန်းတွေနဲ့ယှဉ်ရင် နည်းတယ်လို့ ထင်ရပေမယ့်၊ pixel အရွယ်အစားကြီးတာကြောင့် တခြားဖုန်းတွေထက် အလင်းဖမ်းယူနိုင်မှုပိုကောင်းတဲ့ဖုန်းဖြစ်ပါတယ်။ အလင်းရောင်နည်းနေတဲ့အချိန်မှာတောင် ပုံကောင်းကောင်းထွက်အောင်ရိုက်နိုင်ပြီး၊ noise တွေဖြစ်ပေါ်မှုလည်း ရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ OPPO ရဲ့ မူပိုင်ဆော့ဖ်ဝဲ နည်းပညာဖြစ်တဲ့၊ ဓာတ်ပုံငါးပုံကို resolution အမြင့်စားတစ်ပုံတည်းအဖြစ်ပြောင်းပေးတဲ့ ဆော့ဖ်ဝဲလည်း ပါရှိတာကြောင့် ပုံထွက်မကောင်းမှာတော့ မပူရပါဘူး။

Capture

ဖုန်းရှေ့ကင်မရာမှာတော့ 5-megapixel OmniBSI ဆန်ဆာပါရှိပြီး၊ pixel အရွယ်အစားက 1.4 μm ပဲဖြစ်ပါတယ်။ Selfie  ရိုက်မယ်ဆိုရင် ဖုန်းမျက်နှာပြင်ကနေ flash လင်းလာမှာဖြစ်ပြီး၊ အလင်းကောင်းကောင်း ရအောင်လုပ်ပေးနိုင်ပါတယ်။ Selfie ချစ်သူတွေ နောက်ထပ်အကြိုက်တွေ့မယ့်လုပ်ဆောင်ချက်ကတော့ လက်ဝှေ့ယမ်းပြလိုက်ရုံနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့လုပ်ဆောင်ချက်ဖြစ်ပြီး၊ အုပ်စုလိုက် groufie ရိုက်တာမျိုးမှာ တော်တော်အသုံးဝင်မှာပါ။

တခြား specification တွေအနေနဲ့  ၅ လက်မအရွယ် 720p IPS LCD မျက်နှာပြင်၊ Snapdragon 410 ပရိုဆက်ဆာ ၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16 GB တို့ ပါရှိပြီး၊ microSD ကတ် 128 GB အထိ ထပ်စိုက်နိုင်ပါတယ်။ ဒီဖုန်းမှာ microSD ကတ်အပါအ၀င် သုံးကတ်ထိုး ကတ်အပေါက်ကို အသုံးပြုထားတာကြောင့်၊  SIM နှစ်ကတ်ကော microSD ကတ်ပါ တစ်ပြိုင်တည်းအသုံးပြုနိုင်မှာပါ။

gsmarena_002

Oppo A37 စမတ်ဖုန်းဟာ Android 5.1 Lollipop စနစ်အခြေခံ ColorOS 3.0 နဲ့ လာမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 2630mAh ဘက်ထရီပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖုန်းကို ရွှေရောင်၊ ခဲရောင် နဲ့ Rose Gold အရောင်သုံးမျိုး ရွေးဝယ်နိုင်မှာဖြစ်ကာ၊ လာလောဆည် တရုတ်နဲ့ စင်ကာပူနိုင်ငံမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၉ ၀န်းကျင်ပါ။

Ref: Android Authority

 

Facebook Comments

You may be interested

Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ
Gadgets, NEWS
0 shares41 views

Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ

Ko Thuya - Feb 25, 2017

သင့်နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာချင်ရင်တော့ Acer ရဲ့ Air Monitor ကို အသုံးပြုနိုင်ပါတယ်။ နေအိမ်၊ ရုံးခန်းနဲ့ Indoor Area များမှာ အသုံးပြုနိုင်ပါတယ်။ ထိုင်ဝမ် အခြေစိုက် Acer Company က အင်္ဂါနေ့မှာ မိတ်ဆက်လိုက်တာ…

Viber မှာ အွန်လိုင်းရှော့ပင်း လုပ်နိုင်တော့မည်
NEWS, Softwares & Application, Tech Update
0 shares27 views

Viber မှာ အွန်လိုင်းရှော့ပင်း လုပ်နိုင်တော့မည်

Ko Thuya - Feb 25, 2017

Facebook Messenger အပါအ၀င် Messenger Apps များစွာဟာ စွမ်းဆောင်ချက် အသစ်များကို ထည့်သွင်းနေကြပါတယ်။ WhatsApp က Snapchat နဲ့ Instagram တို့ရဲ့ Stories စွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ Status Updates ကို မကြာခင်က ထည့်သွင်းပေးခဲ့ပါတယ်။…

Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares37 views

Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက်

Ko Thuya - Feb 25, 2017

Mobile World Congress ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပြီး ထုံးစံအတိုင်း စမတ်ဖုန်း ထုတ်လုပ်သူများက ပွဲမတိုင်ခင်မှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်နေကြပါတယ်။ ပြင်သစ်အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ Archos ကလည်း 50 Graphite နဲ့…

Leave a Comment

Most from this category