0 Shares 532 Views

အ၀တ်အစိုတွေကို တစ်မိနစ်အတွင်း ခြောက်သွေ့စေနိုင်မယ့် ခရီးဆောင်အ၀တ်ခြောက်ခံစက်

Jan 14, 2016
0 532

300EA1E100000578-0-image-a-20_1452549806188

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သား Matthew Corry ဟာ အာရှတိုက်အနှံ့ခရီးထွက်နေတုန်းမှာ သူ့ရဲ့အ၀တ်တွေကိုလျှော်ဖွပ်၊လှမ်းချိန်မရတဲ့အတွက် ဒုက္ခတော်တော်ရောက်ခဲ့ရပြီးနောက်မှာတော့၊ အိုင်ဒီယာတစ်ခု ရရှိကာ၊ ခရီးဆောင်အ၀တ်ခြောက်ခံစက်တစ်မျိုးကို တီထွင်ခဲ့ပါတယ်။

Dry-Go လို့ အမည်ပေးထားတဲ့ ဒီစက်ဟာ ၄၀၀ ဂရမ်သာအလေးချိန်ရှိပြီး သေးငယ်တာကြောင့် ခရီးသွားတဲ့အခါ တစ်ပါတည်းယူဆောင်သွားနိုင်သလို၊ အ၀တ်အစိုတွေကို တစ်မိနစ်အတွင်း မြန်ဆန်စွာ ခြောက်သွေ့စေနိုင်ပါတယ်။

Dry-Go စက်ဟာ အပူပေးစနစ်နဲ့ လေ၀င်လေထွက်စနစ်ကိုအသုံးပြုပြီး အ၀တ်အစိုကရေတွေကို စက်မှာ ပါဝင်တဲ့အပေါက်တွေကနေ အငွေ့ ပျံစေကာ၊ အ၀တ်အစိုတွေကို တစ်မိနစ်အတွင်း ခြောက်သွေ့ပေးနိုင်တာ ဖြစ်ပါတယ်။

ဒီစက်ကို အသုံးပြုပုံကတော့ စိုစွတ်နေတဲ့အ၀တ်ကို ပလိတ်ပြားနှစ်ချပ်ပေါ်တင်ပြီး၊ ဖိညှပ်ပေးကာ၊ တစ်မိနစ် စောင့်ရုံပဲလိုပါတယ်။

“ ဒီပစ္စည်းဟာ နယ်လှည့်ခရီးသွားလာသူတွေအတွက် အသုံးဝင်သလို၊ မနက်ခင်းမှာ ကလေးကျောင်းအကျီင်္ မခြောက်သေးလို့ ခေါင်းခဲနေရတဲ့မိဘတွေ၊ ၀န်ထမ်းတွေ နဲ့ တောတွင်းအပျော်ခရီးထွက်သူတွေလည်း အသုံးဝင်တဲ့စက်ဖြစ်ပါတယ်” လို့Mr Corry က ပြောပါတယ်။

ယခုအခါ Dry-Go စက်ကို စီးပွားဖြစ်ထုတ်လုပ်ဖို့ အတွက်၊ ရန်ပုံငွေရှာဖွေရေးဝက်ဆိုဒ် Kickstarter ကနေ ရန်ပုံငွေ ဒေါ်လာတစ်သောင်းရှာဖွေလျက်ရှိကာ၊ အခုဆိုရင် ၄၅၆၅ ဒေါ်လာရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref: DailyMail

 

You may be interested

OnePlus က ၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် အစောဆုံး ကုမ္ပဏီများထဲမှာ ပါမည်
HUBS, Mobiles & Tablets, NEWS
0 shares0 views

OnePlus က ၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် အစောဆုံး ကုမ္ပဏီများထဲမှာ ပါမည်

Ko Thuya - Oct 23, 2018

4G, 5G ကွန်ယက်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဟောင်ကောင်မှာ ကျင်းပနေပါတယ်။ ကုမ္ပဏီများစွာကလည်း သူတို့ရဲ့ အနာဂတ် 5G ထုတ်ကုန်များအကြောင်းကို ဟောပြောနေကြပါတယ်။ OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က သူ့ ကုမ္ပဏီဟာ OnePlus 7…

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း
FEATURES, Mobile & Tablets
0 shares0 views

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း

Ko Thuya - Oct 23, 2018

Qualcomm က ၂၀၁၇ ခုနှစ်မှာကြေညာခဲ့တဲ့ စွမ်းရည်သင့် Snapdragon 660 Chipset ဟာ လူကြိုက်များ ခဲ့ပြီး Samsung Galaxy A9 (2018), Asus ZenFone 4, Nokia 7 Plus တို့ အပါအ၀င်…

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares11 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Leave a Comment

Most from this category