0 Shares 61 Views

Android စနစ်သုံး ဖုန်းများ အတွက် Facebook Mentions App ထွက်ပေါ်လာ

Jan 14, 2016
0 61

facebook_mentions_android_app_startup_screen_ndtv

 

၂၀၁၄ ခုနှစ်တုန်းက iOS သုံးစွဲသူတွေအတွက် ထုတ်လုပ်ခဲ့တဲ့ Facebook Mentions app ဟာ အခုတော့ Android ဗားရှင်းပါ ထွက်ပေါ်လာပါပြီ။ ဒီ App ကတော့ မင်းသား မင်းသမီးတွေ ၊ အဆိုတော် နဲ့ ဂီတသမားတွေ ၊ အားကစားသမားတွေနဲ့ အခြားလွှမ်းမိုးနိုင်စွမ်းရှိသူတို့အတွက်ပဲ ဖြစ်ပါတယ်။

ဒီ App ဟာ verified ဖြစ်ထားတဲ့ ပရိုဖိုင်း ပိုင်ရှင် နာမည်ကျော်တွေကို live video တွေ Broadcast ထုတ်လွှင့်နိုင်အောင် ၊ Follower တွေနဲ့ ဆက်ဆံနိုင်အောင် ၊ ရေပန်းစား သတင်းတွေကို ခြေရာခံနိုင်အောင် စသဖြင့် လုပ်ဆောင်ခွင့်ပေးသွားမှာပါ။ ဒါ့အပြင် ထို App ကနေ တဆင့် Twitter နဲ့ Instagram တို့မှာပါ Post ပြုလုပ်နိုင်မယ်လို့လည်းသိရပါတယ်။

Facebook Mention app ဟာ Google Play ကနေ ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီး ဖိုင်ဆိုက်ဇ်ကတော့ 87MB ရှိပြီး Android 4.1 Jelly Bean နဲ့ နောက်ပိုင်း OS ဗားရှင်းတွေမှာ လုပ်ဆောင်နိုင်ပါတယ်။

မနှစ်က စက်တင်ဘာလမှာ Facebook ဟာ သူတို့ရဲ့  Mentions app ကို Verified profile ရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ် တွေသုံးစွဲနိုင်အောင် Update ပြုလုပ်ပေးခဲ့ပါတယ်။ အစတုန်းကတော့ လွှမ်းမိုးနိုင်စွမ်းရှိသူ Influencer တွေကိုပဲ အသုံးပြုနိုင်အောင်ကန့်သတ်ထားရာကနေ သြဂုတ်လမှာ ထို App ကို အနုပညာသမားတွေနဲ့ ပရိတ်သတ်တွေ ဆုံတွေ့နိုင်တဲ့နေရာ အဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

Facebook Mentions App ဟာ Facebook ကုမ္မဏီရဲ့ Creative Labs ကနေ ထွက်ပေါ်လာတဲ့အခြား ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ပထမဆုံး Facebook ကုမ္မဏီရဲ့ Creative Labs ကနေ ထွက်ပေါ်လာခဲ့တဲ့ App ကတော့ သတင်းဖတ်ရတဲ့ App ဖြစ်တဲ့ Paper App ပဲဖြစ်ပါတယ်။

Ref : Gadgets 360

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category