AI စနစ်ပါဝင်တဲ့ အနာဂတ်မောင်းသူမဲ့ကားကို Rolls-Royce ပြသ

Rolls-Royce ဟာ ကုမ္ပဏီရဲ့ ပထမဆုံးမောင်းသူမဲ့ဇိမ်ခံကား ရှေ့ပြေးမော်ဒယ်ကို ကြာသပတေးနေ့က လန်ဒန်မှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

Rolls-Royce 103EX လို့အမည်ပေးထားတဲ့ ယခုကားဟာ မိခင်ကုမ္ပဏီဖြစ်တဲ့ BMW နှစ် ၁၀၀ ပြည့်အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် စတင်မိတ်ဆက်ခဲ့တဲ့ကားဖြစ်ပြီး၊ လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ဇိမ်ခံကားဖြစ်ပါတယ်။

355DCCEA00000578-3644858-Chief_executive_of_CEO_of_Rolls_Royce_Torsten_Muller_Otvos_poses-a-174_1466100264655

ကားအရှည်က ပေ ၂၀ ကျော်လောက်ရှိပြီး၊ ပိုးသားဆိုဖာနဲ့ပြုလုပ်ထားတဲ့ နှစ်ယောက်ထိုင်ခုံတစ်ခုံပဲ ပါရှိမှာဖြစ်ပါတယ်။ ထိုင်ခုံရှေ့ဘက်မှာတော့ ကွန်ပြူတာစခရင်တစ်ခုပါရှိပြီး၊ ကားအလိုအလျောက်မောင်းနှင်နေတဲ့အချိန်မှာ ရုပ်ရှင်ထိုင်ကြည့်ရင်း အခန့်သားလိုက်ပါသွားနိုင်မှာဖြစ်ပါတယ်။

3559596E00000578-3644858-The_front_seat_is_replaced_with_a_sofa_style_body_and_it_feature-a-160_1466100264456

ဒီကားမှာ စတီယာရင်ဘီး လုံးဝပါဝင်မှာမဟုတ်ဘဲ၊ Eleanor လို့ အမည်ပေးထားတဲ့ AI ကွန်ပြူတာစနစ်ကနေ ကားကို ထိန်းချုပ်မောင်းနှင်သွားမှာဖြစ်ပါတယ်။

Rolls-Royce ကားတွေမှာမြင်တွေ့နေကြ ဆလင်ဒါဆယ့်နှစ်လုံးအင်ဂျင်နေရာအစား ကားပိုင်ရှင်ရဲ့ အထုပ်အပိုးတွေ ထည့်ဖို့ အကန့်တစ်ကန့် ပါဝင်လာတာတွေ့ရပါတယ်။ အင်ဂျင်ကိုတော့ ပတ်ဝန်းကျင်ထိခိုက်စေတဲ့ဓာတ်ငွေ့ထုတ်လုပ်မှုလုံးဝမရှိတဲ့ 250kW အား လျှပ်စစ်အင်ဂျင်နှစ်လုံးကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒီကားရဲ့ နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ ပိုင်ရှင်ဖြစ်သူ ကားဆီလာတဲ့အခါ၊ ကားဖန်အမိုးက အလိုလိုပွင့်သွားပြီး၊ ကားအောက်ခြေကနေထွက်လာတဲ့ ခြေလှမ်းအထစ်ကနေ အနီရောင်လေဆာမီးတန်းထိုးကာ၊ ကော်ဇော်နီနဲ့ ကြိုဆိုသယောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

4269

Rolls-Royce ရဲ့ ကိုယ်ပိုင် AI စနစ်ဖြစ်တဲ့ “Eleanor” ဟာ ကားပိုင်ရှင်ရဲ့ အလုပ်အချိန်ဇယားတွေ၊ အစည်းအဝေးတွေကို ကြိုတင်သတိပေးနိုင်တဲ့အပြင်၊ ဟိုတယ်ဘွတ်ကင်လုပ်ခိုင်းတာမျိုးပါ ခိုင်းနိုင်ပြီး၊ အပြင်သွားဖို့အသင့်ဖြစ်ပြီဖြစ်ဆိုတာနဲ့ ကားကို ပိုင်ရှင်ဆီ အလိုအလျောက်မောင်းလာပေး နိုင်စွမ်းလည်းရှိတယ်လို့သိရပါတယ်။

Rolls-Royce 103EX ကားကို သက္ကရာဇ် ၂၀၄၀ ခုနှစ်လောက်ရောက်မှ သာမန်လမ်းတွေပေါ်မှာ တေ့ွမြင်ရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

5616

Ref: DailyMail

 

%d bloggers like this: