မိမိကိုယ်ကိုသတ်သေတဲ့ အခြေအနေကို ကာကွယ်ပေးမယ့် Tools တစ်ခုကို Facebook ထည့်သွင်း

Facebook ဟာ မိမိကိုယ်မိမိ အဆုံးစီရင်တဲ့အခြေအနေကနေ ကာကွယ်ပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုသူတွေ ရရှိနိုင်အောင် ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။ ဒီ Tools ဟာ အသုံးပြုသူတွေရဲ့ သူငယ်ချင်းတစ်ယောက်ယောက်က စိတ်ညစ်ပြီး သူ့ကိုယ်သူသတ်သေဖို့အထိ ကြံရွယ်နေတယ်ဆိုရင် အကြောင်းကြားတဲ့ Post တစ်ခုကို တင်ပေးမှာဖြစ်ပါတယ်။

ဒါဟာ ယခင်က အင်္ဂလိပ်ဘာသာစကားအသုံးပြုတဲ့ နိုင်ငံတွေမှာသာ ရနိုင်သေးတာဖြစ်ပေမယ့် ယခုအခါမှာတော့ တစ်ကမ္ဘာလုံးကို ရရှိနိုင်အောင် လုပ်ဆောင်ပေးလိုက်တာပါ။ Suicide Prebention Tools လို့ခေါ်တဲ့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လိုဘာသာစကား ပလက်ဖောင်းတွေမှာမဆို ရရှိနိုင်ပြီဖြစ်တယ်လို့ Facebook ရဲ့ ကြေငြာချက်တစ်ခုမှာ ဖော်ပြထားခဲ့တာပါ။

Facebook-suicide-prevention

ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Facebook ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲဖြစ်သူ Antigone Davis က “ဒီနေ့မှာ ကျွန်မတို့အနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအတွက် မိမိကိုယ်မိမိ ထိခိုက်နာကျင်အောင်ပြုလုပ်တာ၊ သတ်သေဖို့ကြိုးပမ်းတာတွေအတွက် အဲ့ဒီလူရဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေကို အသိပေး အကြောင်းကြားပေးသွားမယ့် လုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးအတွက် ထုတ်လုပ်ပေးလိုက်ပါပြီ” လို့ဆိုခဲ့တာပါ။

ကုမ္ပဏီအနေနဲ့ နောက်ပိုင်းမှာ ဒီလုပ်ဆောင်ချက်ကနေ Emergency ဝန်ဆောင်မှုကို လှမ်းခေါ်တာတွေ ဖုန်းခေါ်တာတွေကိုတောင် ပြုလုပ်ပေးနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

Ref: Tech Crunch, Gadgets360

%d bloggers like this: