0 Shares 169 Views

iPhone မှာကစားထားတဲ့ Clash of Clans ဂိမ်းကို Android ဖုန်းဆီ ဘယ်လို ရွှေ့ မလဲ

Jan 14, 2016
0 169

clashofclans-ios-to-android
iPhone ကနေ Android ဖုန်းတစ်လုံးလုံးပြောင်းကိုင်ချင်တဲ့အခါမျိုးမှာ နှစ်ရှည်လများဆော့ခဲ့ရတဲ့ Clash of Clans ဂိမ်းလေးကို နှမြောတသများဖြစ်နေပါလား။ သင့် iPhone အဟောင်းမှာ ဆော့ခဲ့တဲ့ဂိမ်းကို Android ဖုန်းဆီလည်း အလွယ်တကူပြောင်းဆော့လို့ ရပါတယ်။

iOS ကနေ Android ဖုန်းဆီ CoC ဂိမ်းရွှေ့ တဲ့အခါမှာ ပထမဦးဆုံး၊ iPhone မှာ Game Center နဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ထို့ နောက် ကိုယ်ရွှေ့ မယ့် Android ဖုန်းမှာ Clash of Clans ဂိမ်းကို အစကနေ ကစားပါ။ ထို့ နောက် Google+ နဲ့ ချိတ်ပါ။

နှစ်ခုလုံးပြီးပါက သင့်ရဲ့ iPhone က CoC ကို Android ဆီ အောက်ပါအဆင့်အတိုင်း စရွှေ့ နိုင်ပါပြီ။

– iOS ဖုန်း (သို့ ) တက်ဘလက်မှာကော၊ Android ဖုန်း (သို့ ) တက်ဘလက်မှာပါ CoC ကို ဖွင့်ထားပါ။

– ဖုန်းနှစ်ခုလုံးရဲ့ဂိမ်းထဲကနေ settings ထဲဝင်ပါ။

Settings1

– ‘Link a device’ ဆိုတာကို ဖုန်းနှစ်ခုလုံးမှာ နှိပ်ပေးပါ။

– iPhone မှာ ‘OLD DEVICE’ ဆိုတာကို ရွေးပေးပြီး Android ဖုန်းမှာ ‘NEW DEVICE’ ကို ရွေးပေးပါ။ (တကယ်လို့ Android ကနေ iPhone ကို ရွှေ့ ချင်ရင် Android ကို Old Device ထားပြီး iPhone ကို New Device ထားနိုင်ပါတယ်)
Settings2

– iPhone မှာ ပေါ်လာတဲ့ ‘I want to link to another device’ ဆိုတာကို ရွေးပေးလိုက်ရင် ကုဒ်နံပါတ်တစ်ခုကျလာပါမယ်။
Settings4

– ရလာတဲ့ ကုဒ်နံပါတ်ကို Android ဖုန်းမှာ ဖြည့်ပေးပါ။ (ဒီကုဒ်နံပါတ်ဟာ ၅ မိနစ်အတွင်းပဲအကျုံးဝင်ပါတယ်)

settings5

– အထက်ပါအဆင့်အတိုင်းလုပ်ပြီးသွားပါက သင့် iPhone မှာ ဆော့ထားတဲ့ CoC ဟာ ယခုအခါ Android ဖုန်းထဲ ရောက်သွားတာကို တွေ့ ရမှာပါ။

အထူးသတိပြုရမှာက – Android ဖုန်းမှာ CoC ဂိမ်းအသစ်ကို tutorial ပြီးတဲ့အထိ ဆော့ပေးရမှာ ဖြစ်ပြီး ပိုက်ဆံနဲ့ ဝယ်ယူမှုတွေမလုပ်ထားမိဖို့ အရေးကြီးပါတယ်။

Ref: Wikia

You may be interested

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း
FEATURES, Mobile & Tablets
0 shares0 views

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း

Ko Thuya - Oct 23, 2018

Qualcomm က ၂၀၁၇ ခုနှစ်မှာကြေညာခဲ့တဲ့ စွမ်းရည်သင့် Snapdragon 660 Chipset ဟာ လူကြိုက်များ ခဲ့ပြီး Samsung Galaxy A9 (2018), Asus ZenFone 4, Nokia 7 Plus တို့ အပါအ၀င်…

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares10 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares9 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Leave a Comment

Most from this category