ကိုယ့်ရဲ့ Tweet တွေကို ပြန်လည်ကိုးကားဖို့အတွက် လွယ်သွားပြီဖြစ်တဲ့ Twitter

Twitter ဟာ ယခုအခါမှာ မိမိတင်ခဲ့တဲ့ Tweet တွေကို ပြန်လည် ကိုးကားဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းနဲ့ ပြန်လည်ဖော်ပြဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရင်တုန်းက Twitter အနေနဲ့ ကိုယ့်ရဲ့ Twitter အကောင့်က ရေးသားခဲ့တာကို ပြန်လည်ကိုးကားချင်ရင် ခေါင်းကိုက်ရပါတယ်။

သင့်အနေနဲ့ အရင် Post အဟောင်းရဲ့ Link ကို Cop လုပ်ပြီး Timeline, comment တွေမှာ Paste ပြန်လာလုပ်ပြီးမှ Share လို့တာပါ။ အခုတော့ အဲ့ဒါကို ဒီနေ့ကစပြီး လုပ်စရာမလိုတော့ပါဘူး။ Twitter အနေနဲ့ သင့်ရဲ့ ကိုးကား Retweet တွေကို “နည်းနည်းလေးပြုလုပ်ရုံနဲ့”  ပြန်လည်ဖော်ပြနိုင်မှာဖြစ်တယ်လို့ သူတို့ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားခဲ့တာပါ။

ရိုးရှင်းတဲ့ ပြောင်းလဲမှုတစ်ခုသာဖြစ်ပေမယ့် အကျိုးပြုစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ Tweet ရဲ့ အောက်မှာ ဒီလုပ်ဆောင်ချက်က အားလုံးကိုမရသေးတဲ့အကြောင်း၊ Tweet တွေကို Edit လုပ်တဲ့ Feature ကို အမြန်ထည့်ပေးသင့်ကြောင်းဝေဖန်ချက်တွေ များစွာကိုလည်း တွေ့ရပါတယ်။

Ref: Engadget, Twitter

 

%d bloggers like this: