0 Shares 222 Views

Vertu နဲ့ Bantley တို့ အတူပူးပေါင်းထုတ်လုပ်မယ့် အဆင့်မြှင့်စမတ်ဖုန်း Signature Touch

Jan 13, 2016
0 222

Vertu Signature Touch

မကြာသေးမှီက ဟောင်ကောင်အခြေစိုက်ကုမ္ပဏီက ၀ယ်ယူခဲ့တဲ့ အရည်အသွေးမြှင့် စမတ်ဖုန်း ကို နာမည်ကြီး ဇိမ်ခံကားကုမ္ပဏီ Bantley အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့သိရပါတယ်။ ဒါဟာ Vertu နဲ့ Bantley အကျိုးတူပူးပေါင်းခဲ့တဲ့ သက်တမ်းငါးနှစ်အတွင်း တတိယမြောက် ထုတ်လုပ်တဲ့ ဖုန်းဖြစ်လာမှာပါ။

Vertu ဟာ သားရေအရောင်ရှစ်ရောင်နဲ့ ပြုလုပ်ဖို့အတွက် အသုံးပြုသူတွေရဲ့ အမှာတွေကိုရရှိခဲ့တယ်လို့ဆိုပါတယ်။ အခုထုတ်လုပ်မယ့် Vertu ရဲ့ ဖုန်းအသစ် Signature Touch အတွက်ဈေးနှုန်းကိုတော့ အမေရိကန်ဒေါ်လာ ၉၀၀၀ အထိသတ်မှတ်ထားပြီး Bantley ရဲ့သားရေစနစ်နဲ့ နောက်ဘက်ကို ချုပ်ထားတာပါ။ ဖုန်းမှာ အသစ်ထပ်ထည့်ထားတဲ့ Feature တွေကတော့ အတန်းလိုက်ခလုတ်တစ်ခု၊ အသံဘားတန်း၊ သုံးဘက်မြင်Bantley Logo တို့ဖြစ်ပါတယ်။

Vertu ကတော့ သူတို့ရဲ့ဖုန်းကို “သဲထိတ်ရင်ဖိုဖြစ်စရာအကောင်းဆုံးမျက်နှာပြင်” လို့တင်စားခဲ့ပါတယ်။ ဖုန်းမှာ Dolby Digital Plus ရဲ့ ပတ်လည်အသံစနစ်ကိုထည့်သွင်းထားပါတယ်။ Android 5.1 Lollipop ကိုအခြေခံပြီး အလုပ်လုပ်မှာဖြစ်ပြီး Vertu Life ဆိုတဲ့ Vertu service လဲပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီစနစ်ကြောင့် မှာ Lost Phone ဆိုတဲ့ ဆားဗစ်တစ်မျိုးလဲပါဝင်ပြီး တကယ်လို့ဖုန်းပျောက်ရှတာ၊ အခိုးခံရတာဖြစ်ခဲ့လို့ရှိရင် ဖုန်းကိုပိုင်ရှင်က Lock ချပစ်လို့ရမှာဖြစ်ပါတယ်။

Vertu Signature Touch မှာ ၅.၂လက်မအရွယ် Full-HD (1080×1920 Pixels) Resolution ရှိတဲ့ မျက်နှာပြင်ပါဝင်ပြီး၊ ၄င်းကို 5th-Gen Sapphire Crystal နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ 64-bit Octa-Core Qualcomm Snapdragon 810 Processor ကိုအသုံးပြုထားပြီး၊ 4GB RAM, 64GB Inbuilt Memory Storage, 21Megapixel PDAF(Phase Detection Autofocus) ကျောဘက်ကင်မရာ၊ 2.2 Aperture နဲ့ LED မီးနှစ်လုံး၊ 2.1 Megapixel ရှေ့မျက်နှာကင်မရာ နဲ့ 3160mAh လီသီယမ်အိုင်းယွန်းဘက်ထရီတို့ကိုအသုံးပြုထားပါတယ်။

ဈေးကတော့ သာမန်ဖုန်းတွေနဲ့ စာလို့ရှိရင်လိုက်မမှီနိုင်လောက်အောင်ကြီးလွန်းလှပြီး Vertu ရဲ့ထုံးစံအတိုင်း အထက်တန်းလွှာ ဇိမ်ခံလူတန်းစားတွေသာ အသုံးပြုနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category